DVB Logo
Home
မြန်မာသတင်း
ပြည်တွင်းရွှေဈေး တကျပ်သား ကျပ်သိန်း ၂၀ အထက် ပြန်ရောက်
DVB
·
May 5, 2022
ပြည်တွင်းရွှေဈေး တကျပ်သား ကျပ်သိန်း ၂၀ အထက် ပြန်ရောက်
Donate to DVB

ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ သတ်မှတ်ရွှေဈေးနှုန်းက ဒီနေ့ မေ ၅ ရက်မှာ ကျပ်သိန်း ၂၀ အထက်ကို ပြန်လည်ရောက်ရှိလာပါတယ်။

အသင်းရဲ့ မေ ၄ ရက် သတ်မှတ်ရွှေဈေးနှုန်းက ကျပ် ၁,၉၈၉,၃၀၀ ဖြစ်ပြီး ဒီနေ့မှာ ကျပ် ၂,၀၂၆,၇၀၀ ကို တိုးမြှင့် သတ်မှတ်ထားပါတယ်။ တရက်အတွင်း သတ်မှတ်ဈေး တကျပ်သားကို ကျပ် ၄၀,၀၀၀ ဝန်းကျင် ပြန်လည်မြင့်တက်ခဲ့တာပါ။

ရွှေဆိုင်နဲ့ ရွှေကုန်သည်တွေက YGEA ရဲ့ သတ်မှတ်ဈေးနှုန်းကို ၅,၀၀၀ ကျပ် ပေါင်းထည့်ပြီး ရလာတဲ့ဈေးနှုန်းနဲ့ အရောင်းအဝယ်ပြုလုပ်ဖို့ မေ ၄ ရက်က ပြုလုပ်တဲ့  အသင်းအစည်းအဝေးမှာ ဆုံးဖြတ်ထားကြောင်း အသင်းက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဈေးကွက်အတွင်း ရွှေကုန်ကြမ်းပြတ်လပ်မှု မရှိအောင် နိုင်ငံခြားကနေ ရွှေတင်သွင်းဖို့ကိစ္စ၊ ဗဟိုဘဏ်ကို ရွှေရောင်းချပေးရေး တင်ပြဖို့ကိစ္စနဲ့ ရွှေတွင်းလိုင်စင်ရှိ ပုဂ္ဂိုလ်တွေနဲ့ ဆက်သွယ်ပြီး ရွှေဝယ်ယူမှု ဆောင်ရွက်ဖို့ကိစ္စ အပါအဝင် နယ်စပ်ဖြတ်ကျော် ရောင်းဝယ်မှုတွေမှာ တိုင်းနဲ့ ပြည်နယ်အသင်းတွေနဲ့ ဆက်သွယ်ပြီး တားဆီးဆောက်ရွက်ဖို့ ကိစ္စရပ်တွေကိုလည်း အဲဒီအစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ကြတယ်လို့ ထုတ်ပြန်ထားတာပါ။

စစ်ကောင်စီဗဟိုဘဏ်က ဒေါ်လာငွေလဲနှုန်း ၁ ဒေါ်လာကို မြန်မာငွေ ၁,၈၅၃ ကျပ်နဲ့ လဲလှယ်ဖို့ ဧပြီ ၃ ရက်မှာ သတ်မှတ်ပြီးနောက် အဲဒီနှုန်းထားနဲ့အညီ ပြည်တွင်းရွှေဈေးကွက်ကို ဖွင့်လှစ်ရောင်းချနိုင်ဖို့ စစ်ကောင်စီက လုပ်ဆောင်လာခဲ့ပါတယ်။

အဲဒီလို ပြည်တွင်းရွှေဈေးနှုန်းကို ကန့်သတ်လိုက်တဲ့အတွက် ရွှေမှောင်ခိုဈေးကွက် ပေါ်လာနိုင်တယ်လို့ ဈေးကွက်သုတေသီတွေက မှတ်ချက်ပြုခဲ့ကြပါတယ်။

လက်တွေ့ ရွှေဈေးကွက်မှာလည်း သတ်မှတ်ဈေးနဲ့ ဈေးကွက်ဈေး ကွာဟချက် များနေတာကြောင့် ရွှေအတုံးအခဲဈေးကွက် အရောင်းအဝယ် ရပ်တန့်သလောက် ဖြစ်နေပြီး ပြင်ပရွှေဆိုင်တွေမှာလည်း ရွှေအထည်ပိုင်းသာ အဓိက အရောင်းအဝယ် လုပ်ဆောင်နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013