DVB Logo
Home
မြန်မာသတင်း
မြန်မာကို ပေါင်သန်း ၁၀၀ ကူညီရန် ဗြိတိန်အမတ်များ တိုက်တွန်း
DVB
·
March 13, 2014
မြန်မာကို ပေါင်သန်း ၁၀၀ ကူညီရန် ဗြိတိန်အမတ်များ တိုက်တွန်း
1 / 3
Donate to DVB

မြန်မာပြည်သူတွေရဲ့ လူနေမှုဘ၀တွေ တိုးတက်အောင်လုပ်ဖို့ ဗြိတိန်က မြန်မာကို အကူအညီ စတာလင်ပေါင် သန်း ၆၀ ကနေ ၁၀၀ တိုးပေးဖို့ ဗြိတိန် လွှတ်တော်အမတ်တွေက တိုက်တွန်း ပြောဆိုလိုက်ပါတယ်။

ဆယ်စုနှစ်များစွာ စစ်တပ်အုပ်စိုးမှုကြောင့် အထီးကျန်ဖြစ်နေတဲ့ မြန်မာနိုင်ငံမှာ စစ်အုပ်စိုးမှု အဆုံးသတ်ပြီးတဲ့နောက် ပိုမိုပါဝင်ဖို့ နိုင်ငံတကာဖွံ့ဖြိုးရေး ကော်မတီ (IDC) က နိုင်ငံတကာ ဖွံ့ဖြိုးရေးဌာန (DFID) ကို တိုက်တွန်းလိုက်တာဖြစ်ပါတယ်။

MDG : Education in Burma :  Burmese children work at a school in Bagoမြန်မာရဲ့ ပြုပြင်ပြောင်းလဲမှုအပေါ် တချို့သောအဖွဲ့တွေက သံသယရှိနေပေမယ့် သိန်းနဲ့ချီတဲ့ လူတွေရဲ့လူနေမှုဘ၀ ပိုမိုကောင်းမွန်တိုးတက်ဖို့ အခွင့်အရေးတွေ အများကြီး ရှိတယ်လို့ ယုံကြည်ကြောင်း IDC ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

မြန်မာလူဦးရေ သန်း ၅၀ ရဲ့ ၃ ပုံ ၁ ပုံက လုံလောက်တဲ့ ငွေကြေး မရှိသလို အခြေခံ အစားအစာနဲ့ ရှင်သန်ရေး လိုအပ်ချက်ကို မပြည့်မီသလို လူဦးရေရဲ့ ၇၅ ရာခိုင်နှုန်းဟာလည်း လျှပ်စစ်မီး မရဘူးလို့ ပြောပါတယ်။

ဒီကော်မတီရဲ့ ဥက္ကဋ္ဌ ဆာမလ်ကွန်း ဘရုစ် (Sir Malcolm Bruce) က အခွင့်အရေးကို လက်လွတ်ခံလို့ မရသလို တိုင်းပြည်ကို ဆင်းရဲတွင်းကနေ ကယ်ထုတ်ပြီး စီးပွားရေး တိုးတက် လာစေဖို့နဲ့ ဒီမိုကရေစီကို သွားနိုင်တဲ့ လူမှုအဖွဲ့အစည်းကို တည်ဆောက်ဖို့အတွက် ဗြိတိန် အစိုးရရဲ့ မြန်မာပြုပြင်ပြောင်းလဲမှုအပေါ် ချဉ်းကပ်မှုကို ထောက်ခံခဲ့တာလို့ ပြောပါတယ်။

နိုင်ငံတကာ ဖွံ့ဖြိုးရေးဌာနရဲ့ မြန်မာ့ပညာရေးနဲ့ ပတ်သက်ပြီး အသုံးစရိတ်ဟာလည်း ထိရောက်ဖို့အတွက် နည်းပါးသလို ပိုမိုတိုးမြှင့်ဖို့လိုတယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ ဖွံ့ဖြိုးရေးဌာနက ပေါင် ၃၂ သန်းကနေ ၂၀၁၃ မှာ ပေါင် ၆၃ သန်းအထိ မြန်မာကို ပေးတဲ့ အကူအညီကို ၂ ဆ တိုးမြင့်ခဲ့သလို ရုံးဝန်ထမ်းလည်း ၂ ဆ တိုးမြင့်ထားပါတယ်။

ဗြိတိန်ကတော့ ကုလသမဂ္ဂအဖွဲ့တွေ ဒေသခံ အစိုးရ မဟုတ်တဲ့ လူမှုရေး အဖွဲ့အစည်းတွေကနေ တဆင့် အကူအညီတွေ ပေးလေ့ရှိပြီး အစိုးရကိုတော့ ငွေကြေး တိုက်ရိုက်ပေးတာမရှိဘူးလို့ ဆိုပါတယ်။ ဗြိတိန်ရဲ့ အကူအညီအများစုက ကျန်းမာရေးကို အဓိကထား ပေးအပ်နေတာ ဖြစ်ပါတယ်။

၂၀၁၂ ခုနှစ်မှာတော့ ဂျပန်၊ ဗြိတိန်၊ သြစတြေးလျ နိုင်ငံတွေကနေ မြန်မာက ဒေါ်လာ ၅၀၄ သန်းကို တရားဝင် အကူအညီ ပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013