DVB Logo
Home
မြန်မာသတင်း
အပူရှိန်မြင့်မှုကြောင့် ကလေးငယ်များနှင့်အသက်ကြီးသူများ သတိထားရန်လို
DVB
·
March 13, 2014
အပူရှိန်မြင့်မှုကြောင့်  ကလေးငယ်များနှင့်အသက်ကြီးသူများ သတိထားရန်လို
Donate to DVB

နွေရာသီစတင်ဝင်ရောက်နေတဲ့ ခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံတ၀န်း အပူရှိန်မြင့်တက်မှုကြောင့် ကလေးငယ်တွေ့နဲ့ သက်ကြီးရွယ်အိုတွေ ရုတ်တရတ် နေထိုင်မကောင်းမှုတွေ ဖြစ်ပေါ်နေတဲ့အတွက် သတိထားကြဖို့ ကျန်းမာရေးတာဝန်ရှိသူတွေက နှိုးဆော်လိုက်ပါတယ်။

hot seasonအပူရှိန်မြင့်တက်မှုကြောင့် ကလေးသူငယ်တွေနဲ့သက်ကြီးရွယ်အိုတွေ ရုတ်တရက် ဖျားနာမှုတွေနဲ့ ရေဓာတ်ခန်းခြောက်မှုတွေ ဖြစ်နေလို့ ရန်ကုန်မြို့က ရပ်ကွက်ဆေးခန်းတွေမှာ သွားရောက် ဆေးကုသမှု ခံယူနေကြရတာပါ။

ဇီဝိတ သံဃဆေးရုံ လက်ထောက် ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်ခင်စန်းဝေက အပူရှိန်ပြင်းထန်မှုကို လေးနှစ်အောက်ကလေးငယ်တွေနဲ့ အသက် ၇၅ နှစ်အထက် သက်ကြီးရွယ်အိုတွေ့မှာ ပိုခံစားရတယ်လို့ ပြောပါတယ်။

ဒါ့ကြောင့် အပူရှိန်ကာကွယ်ပစ္စည်းတွေ အသုံးပြုကြဖို့နဲ့ ရုတ်တရက်သေဆုံးနိုင်တဲ့ heatstroke ဖြစ်ပေါ်နိုင်တဲ့ ဘီယာသောက်ခြင်း၊ နေ့ခင်းဘက်ရေချိုးခြင်းတွေကို မပြုလုပ်ကြဖို့ လည်း ဒေါက်တာ ဒေါ်ခင်းစန်းဝေက ပြောပါတယ်။

အခုရက်ပိုင်း နေရောင်ခြည်ထဲ ခရမ်းလွန်ရောင်ခြည် မြင့်တက်နေတာကို အဆက်မပြတ် သတိပေး သတင်းထုတ်ပြန်နေတဲ့ မိုးလေ၀သပညာရှင် ဦးထွန်းလွင်ကို လက်ရှိအခြေအနေ မေးကြည့်တော့ မြန်မာပြည်မြောက်ပိုင်းကလွဲပြီး တနိုင်ငံလုံးနီးပါး အပူရှိန် မြင့်တက်နေတယ်လို့ ပြောပါတယ်။

ခရမ်းလွန်ရောင်ခြည်ကျရောက်မှုကို စစ်ကိုင်းတိုင်း အထက်ပိုင်းနဲ့ ကချင်ပြည်နယ်ကလွဲပြီး ကျန်တိုင်းဒေသတွေ့မှာ အမြင့်ဆုံးကျရောက်နေပြီး မတ် ၁၂ ရက် ထုတ်ပြန်ချက်အရ ရန်ကုန်မှာ မွန်းတည့်ချိန်တွင် uv index အများဆုံးတန်ဖိုး 12.7 (extreme level) အထိ ရှိနိုင်တယ်လို့ သိရပါတယ်။
အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013