DVB Logo
Home
မြန်မာသတင်း
မယ်ဆိုင်တွင် နယ်စပ်တောင်အမြင့်ကိုဖြတ်ကျော်ဝင်ရောက်လာသည့် မြန်မာ ၃၃ ဦး ဖမ်းဆီးခံရ
DVB
·
May 4, 2022
မယ်ဆိုင်တွင် နယ်စပ်တောင်အမြင့်ကိုဖြတ်ကျော်ဝင်ရောက်လာသည့် မြန်မာ ၃၃ ဦး ဖမ်းဆီးခံရ
1 / 3
Donate to DVB

ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့နယ်ထဲမှာ မြင့်မားတဲ့နယ်စပ် တောင်တန်း ကိုဖြတ်ကျော်ပြီး တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၃၃ ယောက်ကို ဖမ်းဆီးရမိတယ်လို့ မယ်ဆိုင် ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

ထိုင်းနယ်ခြားစောင့်တပ်နဲ့  အမှတ်  ၂ ခြေလျင်တပ်ရင်းတပ်က ပူးပေါင်းတပ်ဖွဲ့တွေဟာ မနေ့ညက နယ်စပ်တလျှောက် ဥပဒေချိုးဖောက်မှုတွေ စောင့်ကြပ်စစ်ဆေးစဉ် ည ၁၀ နာရီခွဲ လောက်မှာတော့ ဝိန်းဖန်ခမ်းကျေးရွာအုပ်စု ဖာမီကျေးရွာရှိ တောင်ကြောတနေရာမှာ မသင်္ကာစရာ လူတစု ခြေကျင်လျှောက်လာကြတာကိုတွေ့လို့  သွားရောက်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။ 

စစ်ဆေးချက်အရ သူတို့အားလုံး မြန်မာဘက်ခြမ်းကနေ ဖာမီတောင်ကို ကျော်ဖြတ် ဝင်ရောက်လာကြောင်း၊ အမျိုးသား အယောက်  ၂၀ နဲ့ အမျိုးသမီး ၁၃ ယောက်ပါဝင်ပြီး ဘန်ကောက်မှာ သွားရောက်အလုပ်လုပ်ဖို့ လမ်းပြကို ၁ ဦးလျှင် ဘတ် ၂၅၀၀၀ ပေးရတယ်လို့ ဆိုပါတယ်။ 

တာဝန်ရှိသူတွေက သူတို့ကို ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးပြီး ဥပဒေအရအရေးယူဖို့ သက် ဆိုင်ရာရဲစခန်းကို ပို့ဆောင်လိုက်ပါတယ်။ 

အလားတူ ထိုင်းနယ်စပ် တောင်ယာစိုက်ခင်းတွေထဲမှာလည်း တရားမဝင်သူတွေ ဝင်ရောက်ပုန်းခိုနေကြပြီး သူတို့ဟာ  ထိုင်းနိုင်ငံအတွင်းပိုင်းဘက်ကို သွားပြီးအလုပ်လုပ်ရဖို့ အခွင့်အခါကောင်းကို စောင့်ဆိုင်းနေကြတယ်လို့  မယ်ဆိုင်သတင်းမှာ ဖော်ပြပါတယ်။

အဆိုပါ ဝိန်းဖန်ခမ်းကျေးရွာအုပ်စုထဲမှာ ပြီးခဲ့တဲ့ မေလ ၂ ရက်ကလည်း ပွဲစားကို ၁ ဦးလျှင် ဘတ် ၂၅၀၀၀ စီပေးပြီး တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၀ ယောက် ဖမ်းဆီးခံရပါတယ်။ 

ကိုးကား- MaesaiPress

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013