DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းသားလက်နက်ကိုင်များနှင့် နိုင်ငံရေးပါတီများ ငြိမ်းချမ်းရေး ဆွေးနွေး
DVB
·
March 12, 2014
တိုင်းရင်းသားလက်နက်ကိုင်များနှင့် နိုင်ငံရေးပါတီများ ငြိမ်းချမ်းရေး ဆွေးနွေး
Donate to DVB

ပြည်တွင်း နိုင်ငံရေးပါတီခေါင်းဆောင်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေ ရန်ကုန်မှာတွေ့ဆုံပြီး ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အပစ်အခတ်ရပ်စဲရေးကိစ္စ တွေ့ဆုံဆွေးနွေးခဲ့ပါ တယ်။

ရန်ကုန်မှာ အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ရောက်ရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်များရဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းအဖွဲ့ (အန်စီစီတီ) က ခေါင်းဆောင်တွေနဲ့ ပြည်တွင်းနိုင်ငံရေးပါတီတွေနဲ့ ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် (အက်ဖ်ဒီအေ) အဖွဲ့က ခေါင်းဆောင်တွေ ဒီကနေ့ မနက်က မြန်မာငြိမ်းချမ်းရေးစင်တာမှာ တံခါးပိတ်ဆွေးနွေးခဲ့ကြတာပါ။

FDA and NCCT meet10032014ဒီဆွေးနွေးပွဲမှာ တိုင်းရင်းသားလက်နက်ကိုင်တွေက အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖြစ်စဉ်နောက်ဆုံး အခြေအနေကို ရှင်းပြခဲ့ပြီး အက်ဖ်ဒီအေအဖွဲ့ကတော့ ၂၀၁၅ မတိုင်ခင် ငြိမ်းချမ်းရေးရအောင်လုပ်ဖို့ တိုက်တွန်းခဲ့တယ်လို့ ဒီတွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောပါတယ်။

“ဆရာနိုင်ဟံသာနဲ့ ဗိုလ်မှူးကြီး ခွန်ဥက္ကာ က အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးဖို့ အတွက်ကို ဧပြီလထဲမှာ ဆွေးနွေးဖို့ရှိတယ်လို့ အကြမ်းဖျင်း ပြောပါတယ်။ အရင်ထက်စာရင်တော့ အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေဟာ ပိုနီးစပ်လာပြီလို့ ပြောပါတယ်။ ၂၀၁၅ မတိုင်ခင်မှာ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေ ပေါ်လာပြီးမှသာလျှင် ၂၀၀၈ အခြေခံဥပဒေရဲ့ ဒီမိုကရက်တစ် စံနှုန်းနဲ့ မပြည့်မီတာ၊ လူအခွင့်အရေး မပြည့်မီတာ၊ ဖက်ဒရယ်ပုံစံနဲ့ မကိုက်ညီတဲ့ ဟာတွေကို ဖြည့်ဆည်းနိုင်ပြီးတော့ကာ ၂၀၁၅ ကို လှလှပပ ဖြတ်သန်းသွားဖို့ တွန်းအားပေးပြီး လုပ်ကြပါလို့ ကျနော်တို့ FDA ဘက်ကလည်းပဲ တိုက်တွန်းခဲ့ပါတယ်။ သူတို့ဘက်ကလည်း အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းပြီးတော့ကာ ဒီ ၂၀၁၄ ထဲမှာ နိုင်ငံရေးဆွေးနွေးပွဲတွေ စနိုင်ဖို့ သူတို့လည်း ကြိုးပမ်းသွားမယ်လို့ အကြမ်းဖျင်း ပြောသွားတာရှိပါတယ်။”

ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် အဖွဲ့ (အက်ဖ်ဒီအေ) အနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် အောင်မြင်အောင် အားပေးကူညီသွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။ ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ ချင်းတိုးတက်ရေးပါတီ အတွင်းရေးမှူး ၁ ဦးရှိန်ထွန်းကတော့ အက်ဖ်ဒီအေ အဖွဲ့ရဲ့ ပြည်တွင်းငြိမ်းချမ်းရး အကြံပြုချက်တွေနဲ့ပတ်သက်ပြီး ခုလိုပြောပါတယ်။

“အထူးသဖြင့် ၁၉၄၅ ဂန္ဒီ စာချုပ်ကို အခြေခံပြီး ပြန်တင်ပြပါတယ်။ ဗမာ့တပ်မတော် ပြန်လည်ဖွဲ့စည်းတဲ့ အချိန်အခါတုန်းက ဗမာ့တပ်မတော်လို့သာ အမည်တပ်ခဲ့တယ်။ ဗမာတပ်ရင်း ၅ ရင်း၊ ကရင်တပ်ရင်း ၆ ရင်းရှိတယ်။ ချင်းသေနတ်ကိုင်တပ်ရင်း ၃ ရင်း ရှိတယ်။ ရှမ်းရှိတယ်၊ ရခိုင်ရှိတယ်၊ မွန်ရှိတယ် အစရှိသဖြင့်ပေါ့နော်။ အဲဒီအချိန်အခါတုန်းက ဖွဲ့စည်းခဲ့သော်ငြားလည်း ဖက်ဒရယ်အနေနဲ့ ဖွဲ့စည်းတယ်။ ဒါပေမယ့် အဲဒီအချိန်အခါတုန်းက အခေါ်က ဗမာ့တပ်မတော်လို့ပဲ ခေါ်တာပေါ့နော်။ အဲဒီဟာလေးတွေကို ထည့်သွင်းပြီးတော့မှ ဆွေးနွေးသွားရင် တစုံတရာ အဖြေတော့ ရနိုင်ပါမယ်လို့တော့ အက်ဖ်ဒီအေ အဖွဲ့က တင်ပြတယ်။”

အန်စီစီတီ အဖွဲ့ကိုယ်စား ဦးနိုင်ဟံသာနဲ့ ဦးခွန်ဥက္ကာတို့ တက်ရောက်ခဲ့ကြပေမယ့် ဆွေးနွေးပွဲအပြီး မှာတော့ မီဒီယာတွေနဲ့ တွေ့ဆုံခဲ့ခြင်းမရှိခဲ့ပါဘူး။

ဖက်ဒရယ် ဒီမိုကရေစီမဟာမိတ် (အက်ဖ်ဒီအေ) အဖွဲ့ကို ပြီးခဲ့တဲ့ဇန်န၀ါရီ ၇ ရက်နေ့မှာ ပြည်တွင်းပါတီ ၁၁ ခုနဲ့ စတင်ဖွဲ့စည်းခဲ့တာပါ။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ ရဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) ကိုတော့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ လိုင်ဇာတိုင်းရင်းသားညီလာခံ အပြီးမှာ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

အန်စီစီတီ နဲ့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ဟာ ပြီးခဲ့တဲ့ မတ်လ ၈ ရက်နဲ့ ၉ ရက်နေ့က ရန်ကုန်မှာ တွေ့ဆုံခဲ့ပြီး တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းပူးတွဲ ပြုစုရေးသားဖို့ ပဏာမ သဘောတူညီထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013