DVB Logo
Home
မြန်မာသတင်း
မြန်မာ့ရွှေစျေးကွက် မတည်မငြိမ် ကမောက်ကမ ဖြစ်နေဆဲ
DVB
·
May 2, 2022
မြန်မာ့ရွှေစျေးကွက် မတည်မငြိမ် ကမောက်ကမ ဖြစ်နေဆဲ
Donate to DVB

ဒေါ်လာငွေလဲနှုန်း ၁ ဒေါ်လာကို  မြန်မာငွေ ၁၈၅၃ ကျပ် စစ်ကောင်စီ ဗဟိုဘဏ်က ပြီးခဲ့တဲ့ ဧပြီ ၃ ရက်မှာ သတ်မှတ်ပြီးနောက် အဲဒီနှုန်းထားနဲ့အညီ ပြည်တွင်းရွှေဈေးကွက်ကို ဖွင့်လှစ်ရောင်းချနိုင်ဖို့  စစ်ကောင်စီက လုပ်ဆောင်လာခဲ့ပါတယ်။ 

ပြည်တွင်းရွှေဈေးကွက်ကို စစ်ကောင်စီထိန်းချုပ်ဖို့ ကြိုးစားနေပေမဲ့ စျေးကွက်အရ ဖြစ်ပေါ်တဲ့ ပေါက်စျေးနဲ့ ဗဟိုဘဏ်သတ်မှတ်စျေးကွာဟချက် ကြီးမားနေတာကြောင့် အခုအချိန်ထိ အဲဒီသတ်မှတ် ဈေးနဲ့ ရောင်းချနိုင်ခြင်း မရှိသေးဘူးလို့ လုပ်ငန်းရှင်တွေထံက သိရပါတယ်။

လုပ်ငန်းရှင်တစ်ဦးက “စျေးကွက်အဖွင့်စျေးကို သူတို့ ဖြစ်စေချင်တဲ့အတိုင်း သတ်မှတ်ကြတယ်လေ။ ကုန်သည်တွေကကျ အဲဒီစျေးနဲ့ အရောင်းအ၀ယ် မလုပ်နိုင်ကျဘူး။ အခုဆိုရင် စျေးကွက်မှာ အရောင်းအ၀ယ် မရှိသလောက် ဖြစ်နေတာ တစ်ပတ် ကျော်ပြီ”လို့ ပြောပါတယ်။

ဧပြီ ၈ ၇က်က ဗဟိုဘဏ်သတ်မှတ်ငွေလဲနှုန်းနဲ့ တွက်ချက်ပြီ ရွှေအရောင်းအ၀ယ် ပြုလုပ်မယ်လို့ ရန်ကုန်ရွှေအသင်းက ထုတ်ပြန်ပြီးနောက် မြန်မာ့ရွှေစျေးကွက် ကမောက်ကမ  ဖြစ်နေခဲ့တာ အခုချိန်ထိပါ။

ရွှေစျေးအတက်အကျ မတည်ငြိမ်မှုများစွာ ဖြစ်ပေါ်ခဲ့ပြီး ပြင်ပရွှေဆိုင်တွေအနေနဲ့ စျေးသတ်မှတ်ဖို့ ခက်ခဲလာသလို အခေါက်ရွှေ အရောင်းအဝယ်လဲ ကျဆင်းသွားခဲ့ပါတယ်။

ရွှေလုပ်ငန်းရှင်တစ်ဦးက “တချို့ဆိုင်တွေ အခေါက်မရောင်းရဲကြဘူး။ စောင့်ကြည့်ခံနေရတာ ဆိုတော့လေ၊ တချို့လည်း ရောင်းတော့ရောင်းကြတယ်။ စျေးကတော့ အတိအကျမရှိတော့ဘူးပေါ့။ ကိုယ်စျေးနဲ့ကိုယ်ချိန်ပြီး ရောင်းကြတဲ့ သဘောပဲ။ အထည်ပိုင်း အရောင်းအ၀ယ်ကတော့ ရှိတယ်”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၈ ရက်က ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA)က ဗဟိုဘဏ် သတ်မှတ်ဒေါ်လာနှုန်းထားနဲ့ တွက်ချက်ပြီး အခေါက်ရွှေတကျပ်သားကို ကျပ်သိန်း ၂၀၁၈၀၀၀ သတ်မှတ်ပေမဲ့  အမှန်တကယ် ပြင်ပပေါက်ဈေးမှာ ကျပ် ၂၀ သိန်း ၅ သောင်း ဝန်းကျင်ရှိပြီး စျေးကွက်  ကမောက်ကမ ဖြစ်ပေါ်ခဲ့ပါတယ်။

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်းများအသင်း တာ၀န်ရှိသူကတော့ ပြည်တွင်းမှာ ရွှေစျေးတည်ငြိမ်စေဖို့၊ ရွှေကုန်ကြမ်း ပြတ်လပ်မှုမရှိစေဖို့အတွက် ပြည်ပကနေ ရွှေတင်သွင်းဖို့ စီစဥ်နေတယ်လို့ ပြောပါတယ်။

ဒီနေ့မှာ ရန်ကုန်တိုင်းရွှေအသင်းရဲ့ အဖွင့်စျေးက တကျပ်သားကို ကျပ်သိန်း ၂၀၂၄၀၀၀ ရှိပြီး ကမ္ဘာ့ရွှေဈေးအကျကြောင့် စျေးအနည်းငယ်ပြန်ဆင်းခဲ့ပေမဲ့  ပြင်ပရွှေဆိုင်စျေးကွက်မှာတော့  ကျပ်သိန်း ၂၀၃၀၀၀၀ ကနေ ၂၀၅၀၀၀၀ ၀န်းကျင်မှာ အရောင်းအ၀ယ် ဖြစ်ပေါ်နေပါတယ်။ 

မြန်မာကျပ်ငွေနဲ့ ဒေါ်လာ ငွေလဲနှုန်းကလည်း ပြင်ပစျေးကွက်မှာ ၁ ဒေါ်လာကို ကျပ် ၂၀၁၀ ကနေ ၂၀၃၀ ၀န်းကျင်မှာပဲ ဆက်ရှိနေပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာကျပ်ငွေစျေး ဆက်တိုက်ကျဆင်းလာပြီး ပြီးခဲ့တဲ့ စက်တင်ဘာလ နှောင်းပိုင်းမှာ ပြင်ပပေါက်စျေး တစ်ဒေါ်လာကို ကျပ် ၂၇၀၀ အထိ စံချိန်တင် မြင့်တက်ခဲ့ပြီး မြန်မာ့အခေါက်ရွှေစျေးကလည်း  စံချိန်တင်စျေး ၂၂၂၀၀၀၀ အထိ မြင့်တက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013