DVB Logo
Home
မြန်မာသတင်း
ကနီမြို့နယ် တောတွင်းတနေရာ၌ CDM ဆရာဝန်များက ကလေး ၂ ဦးကို အောင်မြင်စွာမွေးဖွား
DVB
·
May 1, 2022
ကနီမြို့နယ် တောတွင်းတနေရာ၌ CDM ဆရာဝန်များက ကလေး ၂ ဦးကို အောင်မြင်စွာမွေးဖွား
Donate to DVB

တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီး ၂ ဦးကို  ကနီမြို့နယ် တောတွင်းတနေရာမှာ‌ CDM ဆရာဝန်တွေက အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့တယ်လို့  Township medical department kani  ရဲ့ လူမှုကွန်ရက်စာမျက်နှာက ထုတ်ပြန်ပါတယ်။

မေ ၁ ရက်မှာ မိန်ကလေးတဦးနဲ့ ယောက်ျားလေးတဦးကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့တာလို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

ထုတ်ပြန်ချက်မှာ “နေသာသော ဆန်းဒေး၊ May Day အမှတ်တရအနေနဲ့ ကျနော်တို့ CMN Kani base မှာ  မနက်စောစော NSVD (ရိုးရိုးမွေး) တယောက် မွေးဖွားပေးပါတယ်။ နေကောင်း ကျန်းမာတဲ့ သမီးလေးပါ။ ကျနော်တို့ TMD-Kani တာဝန်ခံဆရာဝန်က ဧကရီမေလို့ ကလေးကို နာမည်မှဲ့ပေးခဲ့ ပါတယ်။ ဒုတိယ ကလေးအနေနဲ့ LSCS (ခွဲမွေး) တယောက် မွေးပေးဖြစ်ခဲ့ပါတယ်။ သားယောက်ျားလေး ဖြစ်ပါတယ်။ သားသားရော မေမေရော နေကောင်းကျန်းမာပါတယ်။ သားသားနာမည်ကို နေ့နံကိုက်အောင် အောင်မေဒေးလို့ နာမည်ပေးခဲ့ကြပါတယ်။ မေ ကျနော်တို့ ပြည်သူတွေ ကံကောင်းပါစေ” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Township medical department kani အဖွဲ့အစည်းဟာ စစ်ဘေးရှောင်သူတွေရဲ့ ကျန်မာရေး နဲ့ ဒေသတွင်း ဆေးဝါးကုသဖို့ အခက်အခဲရှိတဲ့နေရာတွေကို သွားရောက်ကာ အခမဲ့ကု‌ပေးနေတဲ့ အဖွဲ့အစည်းတခုဖြစ်တယ်လို့လည်း ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013