DVB Logo
Home
မြန်မာသတင်း
ထီးလင်းမြို့နယ်၌ စစ်ကောင်စီတပ်နှင့် YDF တပ် တိုက်ပွဲဖြစ်
DVB
·
May 1, 2022
ထီးလင်းမြို့နယ်၌  စစ်ကောင်စီတပ်နှင့်  YDF တပ် တိုက်ပွဲဖြစ်
Donate to DVB

မကွေးတိုင်း ထီးလင်းမြို့နယ်မှာ ဧပြီ ၃၀ ရက်က အုန်းထွဲရွာကနေ ငါးဆင်းရွာကို ဒရုန်းနဲ့ ကင်းထောက်ကာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်သားတွေကို ထီးလင်း PDF တပ်ဖွဲ့က စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

၄၅ မိနစ်လောက် အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး လက်နက်အင်အား မမျှတာကြောင့် ထီးလင်း PDF ရဲဘော်တွေ နောက်ဆုတ်ပေးခဲ့ရတယ်လို့ ထီးလင်း PDF တာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။

ဆက်လက်ပြီး မနက် ၁၀ နာရီခွဲလောက်မှာ  ငါးဆင်း‌ရွာကို ရောက်ရှိလာတဲ့ စစ်ကောင်စီတပ်နဲ့ ပ-က-ဖ ကင်းထောက်တပ်ဖွဲ့တို့ ထပ်မံထိတွေ့မှု ဖြစ်ပွားခဲ့ပြီး  ပါးမျဉ်းရွာဘက်ကို စစ်ကောင်စီတပ် ဆက်လက်ထွက်ခွာသွားတယ်လို့ ဆိုပါတယ်။

ပါးမျဉ်းရွာဘက် ထွက်ခွာလာတဲ့ စစ်ကောင်စီတပ် လာရာလမ်း‌ကြောင်းမှာ ထီးလင်း PDF တပ်ဖွဲ့က အသင့်ပြုလုပ်ထားတဲ့ တိုက်မိုင်း၊ နင်းမိုင်းတွေနဲ့ တိုက်ခိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီတိုက်မိုင်းတွေကြောင့် စစ်ကောင်စီတပ်သားတွေ ထိခိုက်ကျဆုံးမှု များပြားနိုင်ပေမဲ့ ထီးလင်း PDF ရဲဘော်တွေ အမြန်ပြန်လည်ဆုတ်ခွာလာရတာကြောင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိခဲ့ဘူးလို့ သူက ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲဖြစ်စဉ်အတွင်းမှာ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ထီးလင်း PDF တပ်ဖွဲ့ ဒုတပ်ခွဲမှူး လက်နက်ကြီး ထိမှန်ခဲ့ပေမဲ့ အသက်အန္တရာယ်မစိုးရိမ်ရဘူးလို့‌ ဆိုပါတယ်။

စစ်အုပ်စုကို တော်လှန်ဖို့ ထီးလင်း PDF တပ်ဖွဲ့အနေနဲ့ လက်နက်ခဲယမ်းအများအပြား လိုအပ်နေတာကြောင့် ပြည်သူတွေအနေနဲ့ ဒီထက်ပိုပြီး ပါဝင်လှူဒါန်းပေးကြဖို့ ထီးလင်း PDF ပြန်ကြားရေးတာဝန်ခံက တိုက်တွန်းပြောကြားလိုက်ပါတယ်။

ဧပြီ ၂၉ ရက်ကလည်း ထီးလင်းမြို့နယ် ဝါးဘိုးချောင်းကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ထီးလင်းPDF တပ်ဖွဲ့တို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါသေးတယ်။

လက်ရှိအချိန်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်တာကြောင့် စစ်ကောင်စီတပ်သားတွေနဲ့ နီးကပ်တဲ့ နေရာတွေကို ထီးလင်း ပြည်သူတွေ အသွားအလာ မလုပ်ဖို့ ထီးလင်း PDF က သတိပေးထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013