DVB Logo
Home
မြန်မာသတင်း
ရွှေ့ပြောင်းမြန်မာကျောင်းသား ၁၀၀ ကျော် မြ၀တီတွင် ၁၀ တန်း ဖြေမည်
DVB
·
March 11, 2014
ရွှေ့ပြောင်းမြန်မာကျောင်းသား ၁၀၀ ကျော် မြ၀တီတွင် ၁၀ တန်း ဖြေမည်
Donate to DVB

ထိုင်းနိုင်ငံ တာ့ခရိုင်အတွင်းရှိ ရွှေ့ပြောင်းမြန်မာကျောင်းတွေက ကျောင်းသူနဲ့ ကျောင်းသား ၁၀၀ ကျော်ဟာ ကရင်ပြည်နယ် မြ၀တီမြို့မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုဖို့ ရောက်ရှိနေကြပါတယ်။

Screen shot 2014-03-11 at 7.14နိုင်ငံတ၀ှမ်းမှာ မတ် ၁၂ ရက်နေ့ စတင်ကျင်းပမယ့် တက္ကသိုလ်ဝင်တန်းစာမေး ပွဲ ဖြေဆိုဖို့ မြန်မာနယ်စပ် တာ့ခရိုင် မဲဆောက်မြို့မှာ ရှိတဲ့ ရွှေ့ပြောင်းမြန်မာကျောင်း ၅ ကျောင်းက ကျောင်းသူနဲ့ ကျောင်းသား ၁၂၅ ယောက်ဟာ မနေ့ကတည်းက မြ၀တီမြို့မှာ ရောက်ရှိနေ ကြတာပါ။

ထိုင်းနိုင်ငံကို ရောက် ရှိနေကြ တဲ့ ရွှေ့ပြောင်းမြန်မာကျောင်းသူကျောင်းသားတွေဟာ ပြီးခဲ့တဲ့ ၂၀၁၂ - ၂၀၀၃ ပညာသင်နှစ်ကစပြီး မြန်မာနိုင်ငံတွင်းမှာ စာမေးပွဲ ဖြေဆိုခွင့် ရရှိထားတာ ဖြစ်ပြီး ခု ဒုတိယအကြိမ်မြောက် ဖြေဆိုခွင့်ရတာပါ။

မနှစ်က ရွှေ့ပြောင်းမြန်မာကျောင်းက ကျောင်းသူနဲ့ ကျောင်းသား ၅၆ ယောက် ၀င်ရောက် ဖြေဆိုခဲ့ပြီး ၈ ယောက် အောင်မြင်ခဲ့တဲ့အကြောင်း ဒီနှစ်တော့ ပြည်တွင်းမှာ စာမေးပွဲသွားဖြေတဲ့ ကျောင်းသားအရေအတွက် ၂ ဆကျော် မြင့်တက်လာတယ်လို့ ရွှေ့ပြောင်းမြန်မာအလုပ်သမား ပညာရေးကော်မတီ (BMWEC) ဒု-ဥက္ကဋ္ဌ ဦးဌေးလှိုင်က ပြောပါတယ်။

မြ၀တီမှာ စာမေးပွဲဖြေဆိုမယ့် မြန်မာရွှေ့ပြောင်းကျောင်းသူ၊ ကျောင်းသားတွေဟာ သွေးသစ်ကျာင်း၊ စက်မှုလက်မှုအတက်ပညာသင်တန်းကျောင်း၊ ဆာသူးလေကျောင်း၊ စော ကျောင်းနဲ့ ကရင်ပြည်နယ်နယ်စပ်ဒေသမှာ ရှိတဲ့ ထီးမယ်ဝါးခီးကျောင်းတွေမှာ တက်ရောက်နေကြသူတွေ ဖြစ်ပါတယ်။

အခုနှစ် တနိုင်ငံလုံးအတိုင်းအတာနဲ့ တက္ကသိုလ်ဝင်တန်း ဖြေဆိုမယ့် ကျောင်းသား ကျောင်းသူဦးရေ ၅ သိန်း ၈ သောင်းကျော် စာရင်းပေးသွင်းထားကြောင်း စာစစ်ဦးစီးဌာနကတဆင့် သိရပါတယ်။ ဒီဦးရေဟာ အရင်နှစ်တွေကထက် ၅ သောင်းကျော် တိုးလာတာလို့ ဆိုပါတယ်။

အခုနှစ် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွေကို မတ် ၁၂ ရက်နေ့က စတင်ပြီး ၂၂ ရက်နေ့အထိ ကြားရက်တွေမှာ ၁ ရက် ၁ ဘာသာ ဖြေဆိုရမှာ ဖြစ်ပါတယ်။

အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013