DVB Logo
Home
မြန်မာသတင်း
၁ နှစ်ဝင်ငွေ သိန်း ၂၀ အထက်ရှိသူများ ၀င်ငွေခွန်ဆောင်ရမည်
DVB
·
March 11, 2014
၁ နှစ်ဝင်ငွေ သိန်း ၂၀ အထက်ရှိသူများ ၀င်ငွေခွန်ဆောင်ရမည်
Donate to DVB

တနှစ်ဝင်ငွေ ကျပ် သိန်း ၂၀ အထက်ရှိတဲ့ နိုင်ငံသားတိုင်း အခွန်ဆောင်ရမယ့် ၀င်ငွေခွန် ဥပဒေမူကြမ်းတခုကို ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေး အတည်ပြုလိုက်ပါတယ်။

IMG_5036 copy၀င်ငွေခွန်ဥပဒေ ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်မှာ ၂ ရက်ကြာ အကြိတ်အနယ် ဆွေးနွေးပြီး အတည်ပြုလိုက်တာပါ။

ပြင်ဆင်လိုက်တဲ့ ဥပဒေကြမ်းအရ အရင်က လူတဦးရဲ့ တနှစ်ဝင်ငွေ ၁၄ သိန်း ၄ သောင်းလို့ သတ်မှတ်ထားရာကနေ သိန်း ၂၀ ပြောင်းလဲ သတ်မှတ်လိုက်တယ်လို့ လွှတ်တော် အမတ်တွေက ပြောပါတယ်။

ဒါပေမယ့်လည်း လစာရဲ့ ၂၀ ရာခိုင်နှုန်းက ကင်းလွတ်ခွင့်ရမှာ ဖြစ်သလို သားသမီးတွေ ဇနီးမယားတွေနဲ့ ပတ်သက်ပြီး သက်သာခွင့်ပေးထားတွေ ရှိတယ်လို့ ပြည်သူ့လွှတ်တော်အမတ် ဒေါ်တင်နွယ်ဦးက ပြောပါတယ်။

နိုင်ငံဝန်ထမ်းတွေကလည်း သိန်း ၂၀ အထက်ရတဲ့သူတွေ အခွန်ဆောင်ရမှာ ဖြစ်သလို သက်ဆိုင်ရာက လစာထဲ တခါတည်း အခွန်ဖြတ်ထားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒီအတွက် ၁ လကို ၁ သိန်း ၂ သောင်းရတဲ့ ပြန်တမ်းဝင်အရာရှိအဆင့်ကနေ စတင် အခွန်ပေးဆောင်ရမှာ ဖြစ်သလို ကင်းလွတ်ခွင့်နဲ့ ပတ်သက်ပြီး အရင်ကထက် ပိုကောင်းတဲ့အကြောင်း လွှတ်တော်အမတ်တဦးဖြစ်တဲ့ ဦးခင်မောင်ရည်က ပြောပါတယ်။

ဒါ့အပြင် ကုန်သွယ်လုပ်ငန်းခွန်ကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကိုလည်း ဆွေးနွေးခဲ့ တယ်လို့လည်း ဆိုပါတယ်။

အခွန်အကြောင်းပညာပေးဆောင်းပါးတွေရေးသားနေတဲ့ ဦးဟန်ထွန်း(ဘဏ္ဍာအခွန်) ကတော့ တိုးတက်ဖွံ့ဖြိုးတဲ့နိုင်ငံတိုင်း ပြည်သူများက အခွန်ပေးဆောင်လာအောင် လုပ်ရမယ့် ၀တ္တရားကို အကောင်ထည်ဖော်ပေမယ့် မြန်မာပြည်မှာတော့ ဘယ်လောက်အောင်မြင်မလဲ ဆိုတာကို ကြိုပြောလို့ မရဘူးလို့ ပြောပါတယ်။

မတ် ၁၀ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာတော့ အရက်နဲ့ ဆေးဝါးအမျိုးမျိုးကို အခွန် ၅၀ ရာခိုင်နှုန်း၊ စီးကရက်တွေကို ၁၀၀ ရာခိုင်နှုန်း ကောက်ခံဖို့၊ အဖိုးတန် ကျောက်မျက်တွေကို အခွန် ၃၀ ရာခိုင်နှုန်း၊ ရတနာအချောထည်များကို ၁၅ ရာခိုင်နှုန်း၊ ကျွန်းသစ်၊ သစ်မာသစ်လုံးနဲ့ အခြေခံသစ်ခွဲသားတွေကို ၂၅ ရာခိုင်နှုန်း၊ ဓာတ်ဆီနဲ့ ဒီဇယ်ဆီများကို ၁၀ ရာခိုင်နှုန်းနဲ့ သဘာဝဓာတ်ငွေ့ကို ၈ ရာခိုင်နှုန်း အခွန်အသီးသီး ကောက်ခံဖို့လည်း သဘောတူ ဆုံးဖြတ်လိုက်ပါတယ်။

ဒါ့အပြင် ဒီရက်ပိုင်းအတွင်း အခွန်မဆောင်တဲ့ ကုမ္ပဏီများစာရင်းကိုလည်း အခွန် ဦးစီးဌာနက ထုတ်ပြန်လာပါတယ်။

အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013