DVB Logo
Home
မြန်မာသတင်း
ဒုချီးရားတန်းရွာ သတ်ဖြတ်မှု အထောက်အထားမရှိဟု ကော်မရှင် ရှင်းလင်း
DVB
·
March 11, 2014
ဒုချီးရားတန်းရွာ သတ်ဖြတ်မှု အထောက်အထားမရှိဟု ကော်မရှင် ရှင်းလင်း
Donate to DVB

ရခိုင်ပြည်နယ် ဒုချီးရားတန်းကျေးရွာမှာ လူတွေသေဆုံးခဲ့တယ်ဆိုတဲ့ တိကျသေချာတဲ့ သက်သေ အထောက်အထား မတွေ့ခဲ့ရဘူးလို့ အစိုးရက ဖွဲ့စည်းပေးထားတဲ့ ဒုချီးရားတန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်က မီဒီယာတွေကို ရှင်းလင်းပြောကြားလိုက်ပါတယ်။

1185060_672402062798297_1877837139_nရန်ကုန်မြို့က ငြိမ်းချမ်းရေးစင်တာမှာ ဒီကနေ့ မနက်ပိုင်း ကျင်းပတဲ့ စုံစမ်းရေး ကော်မရှင်ရဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောကြားလိုက်တာပါ။

ပြီးခဲ့တဲ့ ဇန်န၀ါရီလက မောင်တောမြို့နယ်၊ ဒုချီးရားတန်း (အလယ်ရွာ) မှာ ခရေမြိုင်ရဲကင်းက ရဲတပ်ကြပ်ကြီးအောင်ကျော်သိန်း သေ ဆုံးခဲ့မူ၊ ဒုချီးရားတန်း (အနောက်) ရွာမှာ မီးလောင်ကျွမ်းမူနဲ့ လူတွေသေဆုံးမှု ရှိခဲ့တယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး လေ့လာတွေရှိချက်တွေကို စုံစမ်းစစ်ဆေးရေး ကော်မရှင်က မီဒီယာတွေနဲ့ တွေ့ဆုံရှင်းလင်းခဲ့တာပါ။

ဒုချီးရာတန်းကျေးရွာဖြစ်စဉ်အတွင်း မွတ်စလင် ၅၀ နီးပါး သေဆုံးတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်ခဲ့ပြီးတဲ့နောက် ဖြစ်စဉ်မှန်ဖော်ထုတ်ပေးဖို့ နိုင်ငံတကာက တောင်းဆိုခဲ့တဲ့အပေါ် အစိုးရက ကော်မရှင်ဖွဲ့ စုံစမ်းစစ်ဆေးခဲ့တာဖြစ်ပါတယ်။

မွတ်စလင် အင်တာနက်သတင်းတွေမှာ ဖော်ပြခဲ့တဲ့  ဒုချီးရားတန်းကျေးရွာ သေဆုံးသူတွေ ကိစ္စကို စုံစမ်းစစ်ဆေးရာမှာ တိကျသေချာတဲ့ သက်သေမတွေ့ရှိခဲ့တဲ့အကြောင်း၊ ဒေသခံတဦးက မိသားစုဝင် ၁ ဦး သေဆုံးတယ်လို့ ပြောပေမယ့် ဒါဟာ သေဆုံးတာမဟုတ်ဘဲ မောင်တောရဲစခန်းမှာ ထိန်းသိမ်းခံထားရတာဖြစ်တယ်လို့ ကော်မရှင်က ပြောပါတယ်။

ဒါ့အပြင် ဒုချီးရားတန်း အနောက်ကျေးရွာ မီးလောင်မှုဟာ ရဲတပ်ဖွဲ့ဝင်တွေ မီးရှို့တာမဟုတ်ဘဲ နိုင်ငံရေးပယောဂ လုပ်လိုတဲ့ အဖွဲ့အစည်းတခုခုက ပြုလုပ်တာ ဖြစ်နိုင်တယ်လို့လည်း ကော်မရှင်က ဆိုပါတယ်။

ကောမရှင်က ထုတ်ပြန်ခဲ့တဲ့ သတင်းအချက်အလက်တွေကို သဘောမတူရင် သက်သေအခိုင်အမာနဲ့ ပြန်လည်တင်ပြနိုင်တယ်လို့ ကော်မရှင်အတွင်းရေးမှူး ဒေါက်တာကျော်ရင်မြင့်က ပြောပါတယ်။

စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင်တဦးဖြစ်တဲ့ ဒေါက်တာဆလိုင်းငွန်ကျုံးလျန်ကတော့ ဒုချီးရားတန်း (အလယ်ရွာ) ကနေ ပျောက်ဆုံးခဲ့တဲ့ ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းဟာ ဓားစာခံအဖြစ် ပြန်ပေးဆွဲခံရတာ မဟုတ်နိုင်ကြောင်းနဲ့ အသက်ရှင်ဖို့ အခွင့်အလမ်း နည်းသွားပြီလို့ ပြောပါတယ်။

ကော်မရှင်ကတော့ ရခိုင်ပြည်နယ်မှာ ဒေသခံလူဦးရေနဲ့ သင့်တင့်တဲ့ ရဲလုံခြုံရေးအင်အား တိုးချဲ့ဖို့၊ နိုင်ငံတကာ ဝေဖန်မှုတွေကို လျော့ချနိုင်ရေး သတင်းစာရှင်းလင်းပွဲတွေကို အချိန်နဲ့ တပြေးညီ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ဖို့နဲ့ ၁၉၈၂ နိုင်ငံသားဖြစ်မှု ဥပဒေကို အကောင် အထည်ဖော်ပြီး နိုင်ငံသားအခွင့်အရေးပေးမယ်ဆိုရင် နောက်ထပ်ပြဿနာတွေ ဖြစ်ပွားမှုကို တားဆီးနိုင်မယ်လို့ အစိုးရကို အကြံပြုထားပါတယ်။

သတင်းစာရှင်းလင်းပွဲတက်ရောက်ခဲ့တဲ့ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနဲ့ ငြိမ်းချမ်းရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးစလင်းကတော့ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မူဥပဒေကပဲ လက်ရှိ ရခိုင်ပြည်နယ်  ပြဿနာရဲ့ အခြေခံ ဖြစ်နေတယ်လို့ ပြောပါတယ်။

အဖွဲ့ဝင် ၁၀ ဦးပါတဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို သမ္မတဦးသိန်းစိန်က ဖေဖော်ဝါရီ ၆ ရက်နေ့မှာ ဖွဲ့စည်းပေးခဲ့တာဖြစ်ပြီး ကော်မရှင်ကအနေနဲ့ ဒုချီးရားတန်းဒေသမှာ ဖေဖော်ဝါရီ ၁၅ ရက်ကနေ ၂၁ ရက်နေ့အထိ ကွင်းဆင်းသွားရောက်လေ့လာ အစီရင်ခံစာပြုစုပြီး သမ္မတဆီ တင်သွင်းခဲ့ပြီး ဖြစ်ပါတယ်။

အသံဖိုင်နားဆင်ရန်
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013