DVB Logo
Home
မြန်မာသတင်း
အဆောက်အဦဆောက်ရာတွင် လိုက်နာရမည့် ကျင့်ထုံး စတင်ရေးဆွဲ
DVB
·
March 11, 2014
အဆောက်အဦဆောက်ရာတွင် လိုက်နာရမည့် ကျင့်ထုံး စတင်ရေးဆွဲ
Donate to DVB

နိုင်ငံတကာနည်းတူ   မြန်မာနိုင်ငံမှာလည်း အဆောက်အဦဆောက်လုပ်ရာမှာ  လိုက်နာရမယ့် ကျင့်ထုံးတွေ နည်းနာစနစ်တွေပါဝင်တဲ့ Myanmar National Building Code ကို ရေးဆွဲနေပြီး မကြာမီပေါ်ထွက်လာတော့မယ်လို့ အထပ်မြင့်အဆောက်အဦတွေရဲ့ အရည်အသွေးပိုင်းဆိုင်ရာ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌက ပြောကြားလိုက်ပါတယ်။

DSCF9886 copyရန်ကုန်မှာ ဒီကနေ့ကျင်းပတဲ့ အာရှဒေသတွင်း နိုင်ငံတွေက ဆောက် လုပ်ရေး ကုမ္ပဏီတွေနဲ့ ကျွမ်းကျင်သူ ဗိသုကာပညာရှင်တွေ တက်ရောက်တဲ့ ၂၀၁၄ ခုနှစ် မြန်မာဆောက်လုပ်ရေး ညီလာခံမှာ ပြည်တွင်းက ဆောက်လုပ်ရေး လုပ်ငန်းတွေ အရည်အသွေး တိုးတက်ရေးနဲ့ ပတ်သက်လို့ ထည့်သွင်းဆွေးနွေးနေကြတာပါ။

မြန်မာနိုင်ငံမှာ အဆောက်အဦတွေကို ဆောက်လုပ်နေပေမယ့် လက်တွေ့မှာတော့ အခြားနိုင်ငံတွေရဲ့  building code တွေကိုသာ ကိုးကားပြီး အကောင်အထည်ဖော်နေရတာပါ။

ဒါကြောင့် မြန်မာနိုင်ငံမှာလည်း အခြားနိုင်ငံတွေနည်းတူ  Building Code ကို အသုံးပြုနိုင်အောင်  ရေးဆွဲနေပြီလို့ အထပ်မြင့် အဆောက်အဦတွေရဲ့ အရည် အသွေးပိုင်းဆိုင်ရာ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးသန်းမြင့်က ညီလာခံမှာ ပြောပါတယ်။

မြန်မာနိုင်ငံမှာ အဆောက်အဦ ဆောက်လုပ်ရာမှာ စံချိန်စံညွှန်းသတ်မှတ်ချက်တွေ စနစ်တကျ ပြဋ္ဌာန်းထားတာမရှိတဲ့အပြင် စီးပွားရေးသမားတွေက တွက်ခြေကိုက်အောင် အဆောက်အဦတွေ ဆောက်လုပ်ကြတဲ့အတွက် အရည်အသွေးညံ့သလို ဘေးကင်းလုံခြုံမှု အန္တရာယ်တွေနဲ့လည်း ရင်ဆိုင်နေကြရတာပါ။

အခု အဆောက်အဦတွေဆောက်လုပ်တဲ့နေရာမှာ လိုက်နာရမယ့် စံနှုန်းတွေ ပေါ်ထွက်လာပြီး စည်းကမ်း ထိန်းသိမ်းပေးမယ့် အာဏပိုင်အဖွဲ့အစည်း အပါအ၀င် လိုက်နာရမယ့် ဆောက်လုပ်ရေး အင်ဂျင်နီယာတွေကလည်း ကြပ်ကြပ်မတ်မတ် လိုက်နာ ဆောင်ရွက်သွားမယ်ဆိုရင် ပြည်သူတွေအတွက် ဘေးကင်းလုံခြုံတဲ့ အဆောက်အဦတွေ ဖြစ်လာနိုင်ပါတယ်။

မြန်မာဆောက်လုပ်ရေးညီလာခံမှာကို မတ်လ ၁၁ ရက်နဲ့ ၁၂ ရက် နှစ်ရက် ကြာပြုလုပ်သွားမှာဖြစ်ပြီး ပြည်တွင်းနဲ့ပြည်ပ သက်ဆိုင်ရာနယ်ပယ်အသီးသီးမှ ကျွမ်းကျင်သူအယောက် ၂၀ တို့က ပါဝင်ဆွေးနွေးကြမှာပါ။

ဆွေးနွေးပွဲကို  အာရှဒေသတွင်းက စင်ကာပူနဲ့ မလေးရှားနိုင်ငံတွေက ဆောက်လုပ်ရေးကုမ္ပဏီတွေ အများဆုံး တက်ရောက်ခဲ့ကြပြီး သီရိလင်္ကာနိုင်ငံရဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ဒုတိယ၀န်ကြီးနဲ့အတူ စီးပွားရေး လုပ်ငန်းရှင်တွေ၊ ရှရုားနိုင်ငံက ဆောက်လုပ်ရေးကုမ္ပဏီတခု တက်ရောက်ခဲ့ကြပါတယ်။

အသံဖိုင်နားဆင်ရန်
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013