DVB Logo
Home
မြန်မာသတင်း
ရေဖြူမြို့နယ် လယ်သမား ၁၅၀၀ ခန့် လယ်မြေလုပ်ခွင့်လက်မှတ် ပြန်မရသေး
DVB
·
March 11, 2014
ရေဖြူမြို့နယ် လယ်သမား ၁၅၀၀ ခန့် လယ်မြေလုပ်ခွင့်လက်မှတ် ပြန်မရသေး
Donate to DVB

တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်က လယ်သမား ၁၅၀၀ နီးပါးဟာ  မှတ်ပုံတင်ကြေး ပေးသွင်းပြီးပေမယ့် လယ်ယာမြေ လုပ်ခွင့်ပြုလက်မှတ် ပြန်မရသေးဘူးလို့ ဒေသခံတောင်သူတွေက ပြောပါတယ်။

ရေဖြူမြို့နယ် အုန်းပင်ကွင်းကျေးရွာအုပ်စု ကွင်းအမှတ် ၂၉ နဲ့ ၃၀ မှာ လက်ရှိ လယ်ယာမြေကို အသုံးပြုခွင့် ရထားတဲ့ ဒေသခံတောင်သူ ၁၅၀၀ နီးပါးဟာ လယ်ယာမြေ လုပ်ပိုင်ခွင့်ရဖို့အတွက် မှတ်ပုံတင်ကြေး ပေးသွင်းပြီး ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ တဆင့် မြို့နယ် ကြေးတိုင်နဲ့ မြေစာရင်းဦးစီးဌာနကို ၂၀၁၃ ခုနှစ် သြဂုတ်လကတည်းက လျှောက်ထားပြီး ဖြစ်ပေမယ့် လုပ်ပိုင်ခွင့်လက်မှတ် မရရှိသေးဘူးလို့ ဒေသခံတောင်သူတွေက ပြောပါတယ်။

dawei farmerအုန်းပင်ကွင်းကျေးရွာနေ ဦးထွေးက “၈ လပိုင်းလောက်ကတည်းက ကျနော်တို့ စလုပ်ခဲ့ပါတယ်။ ၉ လပိုင်းလောက်မှာ ကန့်ကွက်လွှာ လာကပ်တယ်။ အခုထိ သတင်းလည်း မကြားတော့ဘူး။ လာလည်း လာမကြည့်တော့ဘူး။ အဲဒါနဲ့ ကျနော်တို့ကလည်း ရုံးမှာ ခဏခဏ သွားမေးတယ်။ ဒါလည်း သူတို့တွေ မလာပါဘူး” လို့ ပြောပါတယ်။

ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေက ပေးပို့လိုက်တဲ့ လယ်ယာမြေ လုပ်ပိုင်ခွင့်လျှောက် လွှာတွေကို ရက်ပေါင်း ၃၀ အတွင်း ကန့်ကွက်နိုင်သည့် ကန့်ကွက်လွှာအဖြစ် မြို့နယ် ကြေးတိုင်နဲ့ မြေစာရင်းဦးစီးဌာနက လက်ခံရရှိသည့်နေ့မှ ၁၅ ရက်အတွင်း ကြေညာရမှာ ဖြစ်ပါတယ်။

ကန့်ကွက်လွှာ ကြေညာထားတဲ့ကာလအတွင်းမှာပဲ လျှောက်ထားသူ တောင်သူတွေနဲ့ ပက်သက်တဲ့ အချက်အလက်တွေကို မြို့နယ် ကြေးတိုင်နဲ့ မြေစာရင်းဦးစီးဌာနက စိစစ်ရမှာဖြစ်ပြီး သဘောထားမှတ်ချက်နဲ့ အတူ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ထံ တင်ပြရမှာ ဖြစ်ပါတယ်။

အုန်းပင်ကွင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသိန်းလွင်က “တောင်သူတွေဘက်က သွင်းရမယ့် ငွေကြေးတွေကို အပြည့်အစုံ သွင်းထားပြီးပါပြီ။ ကျနော်တို့ မြေစာရင်းဌာနကို သွားမေးကြည့်တော့ လွန်လာတဲ့ ၈ လုပ်ပိုင်းလောက်ကတည်းက အခုချိန်ထိ စိစစ်တုန်းပဲ ရှိပါသေးတယ်ဆိုပြီး ပြောခဲ့ပါတယ်” လို့ ဆိုပါတယ်။

မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ကလည်း ရရှိလာတဲ့ လယ်ယာမြေ လုပ်ပိုင်ခွင့် လုပ်ငန်းစာတွဲကို လက်ခံရရှိတဲ့နေ့ကစပြီး ၇ ရက်အတွင်း သဘောထားမှတ်ချက်နဲ့အတူ ခရိုင် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ထံ တင်ပြသွားရမှာ ဖြစ်ပါတယ်။

လယ်ယာမြေလုပ်ပိုင်ခွင့်ပြု၊ မပြု ဆိုတာကို ခရိုင် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့က ၁၅ ရက်အတွင်း မြို့နယ် လယ်ယာမြေစီမံခန့်ခွဲ့မှုအဖွဲ့ကို ပြန်လည်အကြောင်းကြားပေးရမှာ ဖြစ်ပါတယ်။

ဒါတွေပြီးမှသာ လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူတွေကို လုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ ၇ ကို ဦးပိုင်လုပ်ကွက် ၁ ကွက် ၅၀၀ ကျပ်နှုန်းနဲ့ ထုတ်ဝေပေးသွားရမယ်လို့ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ်လျှောက်ထားခြင်း ကြေညာချက်မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

အုန်းပင်ကွင်းကျေးရွာအုပ်စုအပါအဝင်၊ ဖောင်းတော ကျေးရွာအုပ်စုနဲ့ သဲချောင်းကျေးရွာ အုပ်စု စတဲ့ကံပေါက်ဒေသက ကျေးရွာအုပ်စု ၁၀ အုပ်စုတွေက လယ်ယာမြေတွေမှာ လုပ်ပိုင်ခွင့်လက်မှတ်တွေကို တောင်သူအများစုက မရရှိသေးဘူးလို့ ကျေးရွာနေပြည်သူတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013