DVB Logo
Home
မြန်မာသတင်း
မွန်အမျိုးသားပညာရေး အစိုးရ အသိအမှတ်ပြုပေးရန် လိုအပ်ဟုဆို
DVB
·
March 11, 2014
မွန်အမျိုးသားပညာရေး အစိုးရ အသိအမှတ်ပြုပေးရန် လိုအပ်ဟုဆို
Donate to DVB

မွန်အမျိုးသားပညာရေးကို အစိုးရအနေနဲ့ အသိအမှတ်ပြုပေးဖို့ မော်လမြိုင်မြို့မှာ ကျင်းပနေတဲ့ မွန်အမျိုးသမီးများညီလာခံမှာ ဆွေးနွေးခဲ့ပါတယ်။

[caption id="attachment_53064" align="alignright" width="300"]မွန်အမျိုးသမီးညီလာခံ မွန်အမျိုးသမီးညီလာခံ[/caption]

မွန်ပြည်နယ် မော်လမြိုင်မြို့ သာသနာ ၂၅၀၀ ကျောင်းတိုက်မှာ မတ် ၉ ရက်နေ့ကနေ ၃ ရက်အကြာ ကျင်းပနေတဲ့ မွန်အမျိုးသမီးများညီလာခံမှာ အမျိုးသမီးနဲ့ ပညာရေးကဏ္ဍကို ဆွေးနွေးရာမှာ မွန်ပညာရေးကို အစိုးရအနေနဲ့ အသိမှတ်ပြုပေးဖို့ တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေက ဆွေးနွေးခဲ့ပါတယ်။

မွန်ပြည်သစ်ပါတီရဲ့ မွန်ပညာရေးဌာနမှာ မင်းထောနိုင်အိန်က “ကျနော်တို့ မွန်အမျိုးသား ကျောင်းတွေကို အစိုးရအနေနဲ့ မထောက်ပံပေးပေမယ့် အသိအမှတ်ပြုပေးဖို့ လိုတယ်။ ဘာဖြစ်လို့လဲဆိုရင် အမျိုးသားကျောင်းတွေဆိုတာ အစိုးရပဲ ဆောက်ပေးရမယ်။ အခုက ကျနော်တို့ အစိုးရက အမျိုးသားကျောင်းတွေဆို ဘယ်ကျောင်းမှ မဆောက်ပေးတဲ့အတွက် ကျနော်တို့ ကိုယ်ထူကိုယ်ထနဲ့ ကိုယ့်ရွာက လူထုတွေ စုပေါင်းပြီး ဖြစ်အောင် ကြိုးစားနေရပါတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့၂၀၁၃-၁၄  ပညာသင်နှစ်ကစပြီး မြန်မာနိုင်ငံက တိုင်းရင်းသားစာပေတွေကို အစိုးရ ကျောင်းတွေမှာ ကျောင်းချိန်ပြင်ပ သင်ကြားရေးပုံစံနဲ့ စတင်ခွင့်ပြုခဲ့ပြီး မွန်ပြည်နယ်အတွင်းက အစိုးရကျောင်းတွေမှာလည်း မွန်စာပေကိုသင်ကြားနေပြီ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း မွန်အများစုနေထိုင်ရာဒေသတွေဖြစ်တဲ့ မွန်၊ ကရင်၊ တနင်္သာရီတိုင်းဒေသနဲ့ ထိုင်းနယ်စပ်တွေက ကျေးရွာတွေမှာ မွန်အမျိုးသားကျောင်း ၁၄၃ ကျောင်း ဖွင့်လှစ်ထားပြီး မွန်လူထု၊ မွန်ပြည်သစ်ပါတီနဲ့ အန်ဂျီအိုအဖွဲ့အစည်းတွေရဲ့ ထောက်ပံ့မှုနဲ့သာ ရပ်တည်နေရပါတယ်။

မွန်အမျိုးသမီးညီလာခံ ဖြစ်မြောက်ရေးကော်မတီရဲ့ အတွင်းရေးမှူး မိလှိုင်းနွန်က “အစိုးရဘက်က ကြည့်လို့ရှိရင် သူတို့ မသိတာ မဟုတ်ဘူး။ သိနေကြပါတယ်။ ဒါပေမယ့် သူတို့ရဲ့ တရားဝင် အသိမှတ်ပြုမှုကို အခုထိ မရသေးပါဘူး။ ကျမတို့က နားလည်မှုသဘောနဲ့ပဲ သင်ကြားနေရတယ်။ အစိုးရက မွန်အမျိုးသားပညာရေးကို အသိအမှတ်ပြုလာမယ်ဆိုရင် မွန်ပညာရေးဌာနကိုလည်း ထောက်ပံ့မှုတွေ ရှိလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။

အမျိုးသမီးနဲ့ ပညာရေးကဏ္ဍတွေအပြင် အမျိုးသမီးနဲ့ ကျန်းမာရေး၊ ဖိနှိပ်ခွဲခြားမှု ပပျောက်ရေး၊ နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေးကဏ္ဍတွေကို ဆွေးနွေးနေတဲ့ ဒီညီလာခံကို မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသနဲ့ ထိုင်း-မြန်မာနယ်စပ်မှာ အခြေစိုက်တဲ့ လူထုအခြေပြု မွန်တိုင်းရင်းသား လူမှုအဖွဲ့အစည်းက ကိုယ်စားလှယ်တွေနဲ့ မွန်နိုင်ငံရေးပါတီ၊ မွန်ပြည်သစ်ပါတီတွေက ကိုယ်စားလှယ် ၁၅၀ နီးပါး တက်ရောက်ဆွေးနွေးခဲ့ပါတယ်။

အခု ကျင်းပနေတဲ့ မွန်အမျိုးသမီးများညီလာခံဟာ ပထမဆုံးအကြိမ် စတင် ကျင်းပတဲ့ ညီလာခံ ဖြစ်ပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013