၂၀၁၄ မြန်မာနိုင်ငံ အကောင်းဆုံးခရီးသွားဒေသ ဆုရ
DVB
·
March 11, 2014

ဥရောပသမဂ္ဂ ခရီးသွားနဲ့ ကုန်သွယ်ရေးကောင်စီက ပေးအပ်တဲ့ ၂၀၁၄ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး ခရီးသွားဒေသအဖြစ် မြန်မာနိုင်ငံကို သတ်မှတ်လိုက်တယ်လို့ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာန နေပြည်တော်ရုံး တာဝန်ရှိသူတဦးက ဒီဗွီဘီကို အတည်ပြု ပြောဆိုပါတယ်။
ဥရောပသမဂ္ဂ ခရီးသွားနဲ့ ကုန်သွယ်ရေးကောင်စီဟာ ကမ္ဘာ့ခရီးသွားဖို့ အကောင်းဆုံး ဒေသတွေအဖြစ် ၂၀၁၀ ပြည့်နှစ်မှာ တောင်ကိုရီးယား၊ ၂၀၁၁ မှာ ယူအေအီး၊ ၂၀၁၂ အတွက် ထရီနီဒက်နဲ့ တိုဘားဂိုး၊ ၂၀၁၃ ခုနှစ်အတွက် လာအိုနိုင်ငံက ရရှိခဲ့တယ်လို့ အဆိုပါ အဖွဲ့ပိုင် ၀က်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။











