
မတ် ၁၁ ရက်နေ့ မနက် ၇ နာရီ မိနစ် ၃၀ အချိန် ဖမ်းယူရရှိထားတဲ့ တိမ်ပုံအရ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့ အနောက်ပိုင်းတို့မှာ တိမ်အသင့်အတင့်ဖြစ်ထွန်း နေပြီး ကပ္ပလီပင်လယ်ပြင်နဲ့ ကျန်ဘင်္ဂလားပင်လယ်အော်မှာ တိမ်ကင်းစင်နေပါတယ်။
မြန်မာနိုင်ငံမြောက်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေမှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး ကျန်ဒေသတွေမှာ တိမ်ကင်းစင်နေပါတယ်။
မတ် ၁၂ ရက်နေ့အတွက် မြန်မာ့ပင်လယ်ပြင် အခြေအနေ ကတော့ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းအနည်းငယ်သာ ရှိနိုင်ပြီး လှိုင်းအမြင့် ၂ ပေကနေ ၄ပေလောက် မြင့်တက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
မတ် ၁၂ ရက်နေ့အတွက် အပူရှိန်မြင့်တက်နိုင်မှုကတော့ မြန်မာတနိုင်ငံလုံးမှာ ပုံမှန် အပူရှိန်ထက် သိသိသာသာ မြင့်တက်နိုင်ပါတယ်။ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း ၉ လောက်ရှိနိုင်ပြီး ကျန်တနိုင်ငံလုံးမှာတော့ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း ၁၀ လောက်ထိ မြင့်တက်နိုင်ပါတယ်။
ခရမ်းလွန်ရောင်ခြည်တွေ မြင့်တက်နိုင်တဲ့အတွက် နေပူထဲမှာ အကာအကွယ်မဲ့ သွားလာခြင်းကို တတ်နိုင်သလောက် မပြုလုပ်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။
မတ် ၁၂ ရက်နေ့အတွက် နေ့အပူချိန်ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ဒေသတွေမှာ နေ့အပူချိန် ၂၆ ဒီဂရီစင်တီဂရိတ်ကနေ ၃၃ ဒီဂရီစင်တီ ဂရိတ်ခန့် ရှိနိုင်ပြီး ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာ ၃၄ ဒီဂရီစင်တီဂရိတ်ကနေ ၃၈ ဒီဂရီစင်တီဂရိတ်ခန့် ရှိနိုင်ပါတယ်။
မတ် ၁၂ ရက်နေ့အတွက် တနိုင်ငံလုံးမှာ မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှု မရှိနိုင်ဘူးလို့ ခန့်မှန်းထားပါတယ်။ မိုးရွာသွန်းနို်င်မှု ခန့်မှန်းချက်ကတော့ မြန်မာတနိုင်ငံလုံးမှာ မိုးရွာဖို့ အလားအလာမရှိနိုင်ဘဲ အများအားဖြင့် သာယာနိုင်ပါတယ်။
မြို့တော်ကြီးတွေ ခန့်မှန်းချက်ကတော့ မတ် ၁၁ ရက်နေ့ မနက် ၈ နာရီခွဲအချိန် ဖမ်းယူထားတဲ့ တိမ်ပုံအရ နေပြည်တော်ရဲ့ အနောက်မြောက်ပိုင်းမှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါတယ်။
မတ် ၁၂ ရက်နေ့အတွက် နေပြည်တော်နဲ့အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၇ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံးအပူချိန် ၁၈ ဒီဂရီစင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ အများအားဖြင့် သာယာနိုင်ပါတယ်။
မတ် ၁၁ ရက်နေ့ မနက် ၈ နာရီခွဲအချိန် ဖမ်းယူထားတဲ့ တိမ်ပုံအရ ရန်ကုန်နဲ့ အနီးတ၀ိုက်မှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေပါတယ်။
မတ် ၁၂ ရက်နေ့အတွက် ရန်ကုန်နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၇ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံးအပူချိန် ၂၀ ဒီဂရီ စင်တီဂရိတ်လောက် ရှိနိုင်ပြီး အများအားဖြင့် သာယာနိုင်ပါတယ်။
မတ် ၁၁ ရက်နေ့ မနက် ၈ နာရီခွဲအချိန် ဖမ်းယူထားတဲ့တိမ်ပုံမှာဆိုရင် မန္တလေးမြို့နဲ့ အနီးတ၀ိုက်မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါတယ်။
မတ် ၁၂ ရက်နေ့အတွက် မန္တလေးမြို့နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၆ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံးအပူချိန် ၁၉ ဒီဂရီ စင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ တိမ်အသင့်တင့် ဖြစ်ထွန်းနိုင်ပါတယ်။










