DVB Logo
Home
မြန်မာသတင်း
ယင်းမာပင် အကြမ်းဖက်မြေသိမ်းမှု ဖြေရှင်းပေးရန် လွှတ်တော်ကို တောင်းဆို
DVB
·
March 11, 2014
ယင်းမာပင် အကြမ်းဖက်မြေသိမ်းမှု ဖြေရှင်းပေးရန် လွှတ်တော်ကို တောင်းဆို
Donate to DVB

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ ရဲတပ်ရင်း ဆောက်လုပ်ဖို့ အဓမ္မ မြေသိမ်းခံခဲ့ရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး လွှတ်တော်က အရေးယူဆောင်ရွက်ပေးဖို့ ဒေသခံတွေက နေပြည်တော်မှာ တောင်းဆိုနေကြပါတယ်။

 စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် အုံတုံပင်ကျေးရွာမှာ ပြီးခဲ့တဲ့သီတင်းပတ်က ရဲတပ်ရင်းတခု တည်ဆောက်ဖို့ အာဏာပိုင်တွေ မြေယာ အကြမ်းဖက်သိမ်းဆည်းခဲ့တဲ့အတွက် ဒေသခံတွေ မကျေမနပ်ဖြစ်နေကြတာ ဖြစ်ပါတယ်။

ဒီမြေသိမ်းမှုနဲ့ ပတ်သက်ပြီး ဒေသခံ ရွေးကောက်ခံပြည်သူ့လွှတ်တော်အမတ်ကို အထောက်အထားတွေနဲ့ တကွ လွှတ်တော်မှာ အရေးကြီးအဆို တင်သွင်းဆွေးနွေးနိုင်အောင်    အကူအညီ တောင်းခံထားတယ်လို့ နေပြည်တော်ကို ရောက်ရှိနေတဲ့  ဒေသခံ ရွာသား ဦးသန်းထိုက်ဦးက ပြောပါတယ်။

စစ်ကိုင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပြည်သူ့လွှတ်တော်အမတ် ဦးခင်မောင်သိန်းက မြေသိမ်းခံ ရွာသားတွေရဲ့ကိစ္စကို လွှတ်တော်မှာ တင်ပြ ဆောင်ရွက်ပေးမယ်လို့ ပြောပါတယ်။

[caption id="attachment_53052" align="alignleft" width="300"]သိမ်းဆည်းမြေယာ သိမ်းဆည်းမြေယာ[/caption]

အုံတုံပင်ကျေးရွာက ဒေသခံရွာသားတွေ အသက်မွေးဝမ်းကြောင်း လုပ်ကိုင်စားနေတဲ့ မြေယာတွေ ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရဲတပ်ရင်းအမှတ် ၂၈ ဖွင့်လှစ်ရန်အတွက်  မြေကွက် ပြင်ဆင်တဲ့အနေဖြင့်  မတ် ၆ ရက်နေ့နဲ့ ၇ ရက်နေ့တွေမှာ  ရဲအင်အား ၂၀၀ လောက်နဲ့ မြေတူးစက်တွေ သုံးပြီး အကြမ်းဖက် ဖယ်ရှားလိုက်တာပါ။

ဒေသခံရွာသားတွေကတော့ လယ်ယာပြန်မရမချင်း တောင်းဆိုသွား မယ်လို့  ပြောပါတယ်။

သက်ဆိုင်ရာအာဏာပိုင်တွေကတော့ ရဲတပ်ရင်း ၂၈ တည်ဆောက်မယ့်နေရာမှာ လယ်မြေ ၁ ဧကကို အိမ်ဝင်း ၂ ၀င်း ပြန်ပေးမယ်ဆိုပြီး အုံတုံပင်ရွာသားတွေနဲ့ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက ညှိနှိုင်းခဲ့ရာမှာ လက်ခံတဲ့ရွာသားတွေ ရှိသလို လက်မခံတဲ့ ရွာသားတွေလည်း ရှိခဲ့တာပါ။

အခု  လက်မခံတဲ့ လယ်မြေပိုင်ရှင် ၁၇ ဦးရဲ့ ပိုက်နက်မြေမှာ ရဲတပ်ရင်းဆောက်ဖို့ အင်အားသုံး ဖယ်ရှားရာကနေ ပြဿနာ ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။ အသံဖိုင်နားဆင်ရန်
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013