DVB Logo
Home
မြန်မာသတင်း
စီးကရက် အခွန် ၁၀၀ ရာခိုင်နှုန်း၊ အရက်၊ ဘီယာနှင့် ၀ိုင် ၅၀ ရာခိုင်နှုန်း သတ်မှတ်
DVB
·
March 11, 2014
စီးကရက် အခွန် ၁၀၀ ရာခိုင်နှုန်း၊ အရက်၊ ဘီယာနှင့် ၀ိုင် ၅၀ ရာခိုင်နှုန်း သတ်မှတ်
Donate to DVB

ပြည်တွင်းက ထုတ်လုပ်တဲ့ စီးကရက်၊ အရက်၊ ဘီယာနဲ့ ၀ိုင်ထုတ်လုပ်မှုအတွက် အခွန် ၂၀၀ ရာခိုင်နှုန်း ကောက်ခံဖို့ ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်စန်းလှိုင်က တင်ပြ ခဲ့ပေမယ့် နဂို ပြည်ထောင်စုအစိုးရအဖွဲ့က တင်ပြထားတဲ့ဥပဒေကြမ်းပါ သတ်မှတ်ချက်အတိုင်း စီးကရက်ကို အခွန် ၁၀၀ ရာခိုင်နှုန်း၊ ကျန် အရက်၊ ဘီယာနဲ့ ၀ိုင်တွေအတွက် အခွန် ၅၀ ရာခိုင်နှုန်း ကောက်ခံဖို့ ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ခဲ့ပါတယ်။

beerမတ် ၁၀ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး မှာ ပြည်ထောင်စုရဲ့ အခွန်အကောက်ဥပဒေကြမ်း ဆွေးနွေးအပြီး ခုလို ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

ဒေါ်ခင်စန်းလှိုင်က စီးကရက်၊ အရက်နဲ့ ဘီယာသောက်သုံးမှု လျော့ ချနိုင်ဖို့၊ သောက်သုံးမှုကနေ တဆင့် ဖြစ်ပေါ်လာတဲ့ဆေးကုသစရိတ်နဲ့ ကျန်းမာရေးစရိတ် မြင့်မားလာမှုတွေကြောင့် ခုလို အခွန်တိုးမြှင့်သင့်တယ်လို့ တင်ပြပါတယ်။

ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်ကတော့ အိမ်နီးချင်းနိုင်ငံတွေရဲ့ သတ်မှတ်ချက်နဲ့ နှိုင်းယှဉ်ချိန်ထိုးတာနဲ့ အခွန်မြင့်နေရင် အခွန်ရှောင်မှုတွေ တိုးပွားလာနိုင်တာ စတဲ့အချက်တွေကြောင့် ခုလို ၁၀၀ ရာခိုင်နှုန်းနဲ့ ၅၀ ရာခိုင်နှုန်း သတ်မှတ်ဖို့ သင့်တယ်လို့ ရှင်းပြခဲ့ပါတယ်။

အခု ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးတဲ့ ပြည်ထောင်စုရဲ့ အခွန်အကောက် ဥပဒေကြမ်းဟာ လာမယ့် ဘဏ္ဍာရေးနှစ် ဧပြီလကနေ စအသုံးပြုမှာမို့ အတည်ပြုချက်ရဖို့ အလျင်အမြန် ဆွေးနွေး အတည်ပြုနေကြတာလို့ သိရပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013