DVB Logo
Home
မြန်မာသတင်း
၈၈ မျိုးဆက် မနုနု​အောင်နှင့် မခက်ခက်တို့ ဖမ်းဆီးခံရ
DVB
·
April 28, 2022
၈၈ မျိုးဆက် မနုနု​အောင်နှင့်  မခက်ခက်တို့ ဖမ်းဆီးခံရ
1 / 2
Donate to DVB

၈၈ မျိုးဆက် ငြိမ်းချမ်း​ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ ​​တောင်သူလယ်သမား​ရေးရာဌာနက မနုနု​အောင်နဲ့ အမျိုးသမီးနှင့် က​လေးသူငယ်​ရေးရာဌာနမှ မခက်ခက် တို့ကို  ဧပြီ ၂၆ ရက်​က ကရင်ပြည်နယ် ဘားအံမြို့မှာ စစ်​ကောင်စီက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေထံကသိရပါတယ်။

၈၈ မျိုးဆက် ငြိမ်းချမ်း​ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းအဖွဲ့ဝင် မသဉ္ဇာခိုင်က “ မခက်ကလေနည်းနည်းဖြတ်နေတာ၊ ဒါကို ဆေးခန်းသွားပြကြတာ။ မနုနုအောင်ကလည်း နေမကောင်းကြဘူး။ သူတို့ကိုအဖေါ်လိုက်ပေးတဲ့ မခက်ခက်ရဲ့ သားဖြစ်သူ ကိုမြတ်သူလည်း ပါသွားတာ မနက်ပိုင်းလောက်ကတည်းက ထွက်သွားကြတာ ပြန်မလာမလာနဲ့ကြာလာလို့ စုံစမ်းလိုက်တော့မှ ၉ နာရီကျော်လောက်မှသိတာ စစ်ကောင်စီကဖမ်းသွားတယ်ဆိုတာကို အခုတော့ ဘယ်ခေါ်သွားလဲဆိုတာ စုံစမ်းလို့မရတော့ ပိုစိုးရိမ်နေတာ။ နှစ်ယောက်လုံးက မကျန်းမာကြတော့ တကယ်ပူနေတာ” လို့ ဒီဗွီဘီ ကိုပြောပါတယ်။

၂၀၂၁ ခုနှစ် အောက်တိုဘာလထဲမှာ မခက်ခက်ရဲ့ ​မြောက်ဒဂုံရှိ နေအိမ်ကို  စစ်ကောင်စီတပ်ကဝင်ရောက်ပြီး  သူ့သားအကြီး ကို​​​ဇော်ဝမ်း​မောင်နဲ့ သူ့ရဲ့ ချွေးမတို့ကို ဝင်ဖမ်းသွားပြီးနောက် အိမ်ကိုလည်း ချိတ်ပိတ်ခဲ့ပြီး အဲဒီအချိန်ကတည်းက မခက်ခက်က ပုန်းရှောင်နေရတာဖြစ်ပါတယ်။

မနုနုအောင်ရဲ့နေအိမ်ကိုလည်း ဧပြီလ ၂၇ ရက်နေ့က စစ်ကောင်စီကလာရောက်ပြီး မိသားစု၀◌င်တချို့ကိုလဲဖမ်းသွားတယ်လို့ သတင်းထွက်နေပေမဲ့  ဒီဗွီဘီအနေနဲ့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဖမ်းဆီခံရတဲ့ မနုနု​အောင်နဲ့ မခက်ခက် တို့ရဲ့ ကျန်းမာ​ရေးမှာ စိုးရိမ်ရတဲ့ အ​ခြေအ​​နေ ရှိနေပြီး ဘယ်မှာဖမ်းဆီးထားတယ်ဆိုတာ မသိရသေးဘဲ အဆက်အသွယ် ပြတ်​တောက်​နေတဲ့အတွက် သူတို့ရဲ့ လုံခြုံ​ရေးနဲ့ အသက်အန္တရာယ်ကို မိသားစုဝင်တွေက စိုးရိမ်​နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013