
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်း (အလယ်ရွာ) နဲ့ ဒုချီးရားတန်း (အနောက်ရွာ) မှာ ဖြစ်ပွားခဲ့တဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး စုံစမ်းရေးကော်မရှင်ရဲ့ သတင်းစာရှင်းလင်းပွဲကို မတ် ၁၁ ရက်နေ့မနက်က ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာ (အမ်ပီစီ) မှာ ပြုလုပ်နေပါတယ်။
ကော်မရှင်ရဲ့ သတင်းထုတ်ပြန်ချက်မှာ ပျောက်ဆုံးခဲ့တဲ့ ရဲတပ်ကြပ်ကြီး အသက်ရှင်နိုင်ရန် အခွင့်အလမ်း နည်းပါးနိုင်ကြောင်း၊ မွတ်စလင်အင်တာနက်သတင်းတွေမှာ ဖော်ပြခဲ့တဲ့ သေဆုံးသူများစာရင်းကိစ္စ တိကျသေချာတဲ့သက်သေ မတွေ့ရှိခဲ့ကြောင်း၊ ဒုချီးရားတန်း အနောက်ကျေးရွာ မီးလောင်မှုက ရဲတွေ ရှို့တာထက် နိုင်ငံရေးပယောဂ လုပ်လိုတဲ့အဖွဲ့တခုခုက ရှို့တာ ဖြစ်နိုင်တဲ့အထောက်အထားတွေ တွေ့ရှိရကြောင်း ဖော်ပြထားပါတယ်။
အစိုးရအနေနဲ့ လုပ်ငန်းများ ဆောင်ရွက်ရာမှာ ပွင့်လင်းမြင်သာစွာ လုပ်ဆောင်ရေးနဲ့ သွေးထိုးလှုံ့ဆော်မှုများကို ပြတ်သားစွာ အရေးယူလုပ်ဆောင်ဖို့ကို ကော်မရှင်က သုံးသပ် အကြံပြုထားပါတယ်။
(သတင်းဓာတ်ပုံ - ကျော်ဇေယျာဝင်း)[gallery ids="53043,53044,53045,53046"]











