DVB Logo
Home
မြန်မာသတင်း
မြောင်တွင် ၂၅ ကျောင်းမြောက်စာသင်ကျောင်းကို ပြည်သူ့ကာကွယ်ရေးတပ်များ လုံခြုံရေးဖြင့် ဖွင့်လှစ်
DVB
·
April 28, 2022
မြောင်တွင် ၂၅ ကျောင်းမြောက်စာသင်ကျောင်းကို ပြည်သူ့ကာကွယ်ရေးတပ်များ လုံခြုံရေးဖြင့် ဖွင့်လှစ်
1 / 9
Donate to DVB

စစ်ကိုင်းတိုင်း မြောင်မြို့နယ်အတွင်း ၂၅ ကျောင်းမြောက် အခြေခံပညာအလယ်တန်းကျောင်းကို ဖွင့်လှစ်နိုင်ခဲ့ပြီလို့ မြောင်ပညာရေးကွန်ရက် (Myaung Education Network) က ထုတ်ပြန်ပါတယ်။ 

စစ်အာဏာသိမ်းကာလမှာ ကျောင်းသူကျောင်းသားတွေ ပညာရေးမနှောင့်နှေးစေဖို့အတွက် မြောင်ဒေသတွင်းမှာ ကြားကာလပညာရေး ဖော်ဆောင်တဲ့အနေနဲ့ စာသင်ကျောင်းတွေ ဖွင့်လှစ်သင်ကြားနေတာပါ။

ကျောင်းဖွင့်ပွဲကိုတော့ တိုင်းဒေသကြီးလွှတ်တော်အမတ်ဒေါ်အေးမြတ်မွန်(ခ) နွေဦးဒေဝီ (မြောင်အမျိုးသမီးစစ်သည်တော်၊ ဒုတပ်ရင်းမှုး)အပါအဝင် မြောင်ပညာရေးကွန်ရက်က တာဝန်ခံတွေ၊ ကျောင်းကော်မတီနဲ့ ရပ်မိရပ်ဖတွေ တက်ရောက်ခဲ့ကြပြီး CDSOM ၊ PDF-Taloke နဲ့ MGN Ranger အဖွဲ့တို့က လုံခြုံရေး တာဝန်ယူပေးခဲ့ကြတယ်လို့ ဆိုပါတယ်။

မြောင်ပညာရေးကွန်ရက်ကိုတော့ မြောင်နယ်သူနယ်သားတွေနဲ့ စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၂၂ ခုနှစ်၊ မတ် ၁ ရက်က စတင်ကာ ပညာရေးလုပ်ငန်းတွေကို အကောင်အထည်ဖော်ခဲ့တယ်လို့ သိရပါတယ်။

ကြားကာလပညာရေးအတွက် မြောင်ပညာရေးကွန်ရက်နဲ့ လာရောက်ချိတ်ဆက်ထားတဲ့ ကျေးရွာတွေကိုလည်း ကျောင်းတွေဖွင့်လှစ်ပြီး ပညာသင်ကြားပေးနိုင်ရေးအတွက် ဆက် လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကြားကာလပညာရေး လုပ်ငန်းဆောင်တာတွေကို ကွန်ရက်သဖွယ် ချိတ်ဆက်ပြီး မြောင်နယ်ပညာရေးမှာ ပါဝင်အားဖြည့်သွားမှာဖြစ်ကာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊   ပညာရေးဝန်ကြီးနဲ့လည်း တွေ့ဆုံခဲ့ကာ မြို့နယ်ပ ညာရေးလုပ်ငန်းတွေ လုပ်ဆောင်တဲ့ ရည်ရွယ်ချက်၊ မူဘောင်၊ လုပ်ငန်းစဥ်နဲ့ ရည်ရွယ်ချက်တွေကို တင်ပြထားပြီးဖြစ်တယ်လို့ သိရပါတယ်။

လတ်တလောမှာတော့ ကျောင်းသုံးစာအုပ်တွေနဲ့ ကျောင်းရေရှည်တည်တံ့နိုင်ဖို့အတွက် ပညာရေးလုပ်ငန်း လိုအပ်ချက်တွေ ဖြည့်စွက်ကူညီနိုင်ဖို့ ဖိတ်ခေါ်ထားပြီး ဖြည့်စွက်ကူညီလိုပါက m.me/112102391388001 ကို ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013