DVB Logo
Home
မြန်မာသတင်း
ကဝမြို့နယ်ရဲမှူး ပစ်သတ်ခံရ
DVB
·
April 28, 2022
ကဝမြို့နယ်ရဲမှူး ပစ်သတ်ခံရ
Donate to DVB

ပဲခူးတိုင်း၊ ကဝမြို့နယ်ရဲမှူး ဦးဝင်းနိုင်ကို  ဧပြီ ၂၈ ရက် မနက် ၅ နာရီကျော်လောက်က  တပ်ရင်း ၁  တပ်ခွဲ ၂ က ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့  ပဲခူးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Bago Region PDF က သတင်းထုတ်ပြန်ပါတယ်။

ရဲမှူး ဦးဝင်းနိုင်ဟာ ကဝမြို့နယ် စစ်ကောင်စီအဖွဲ့ဝင်လည်းဖြစ်သလို မြို့နယ်  လုံခြုံရေးနှင့် သတင်းစုံစမ်းရေးအဖွဲ့ ဥက္ကဋ္ဌလည်း  ဖြစ်ပြီး နေရာတင် ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

အခုလို မြို့နယ်ရဲမှူး ပစ်သတ်ခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ 

မြန်မာနိုင်ငံမှာ ပျူစောထီးတွေ၊ သတင်းပေးတွေ၊ ဒလန်တွေ၊ ရဲနဲ့ စစ်တပ်က ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်မှုတွေကို နေ့စဉ် ကျူးလွန်နေကြပြီး ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကလည်း စစ်အုပ်စုဒေါက်တိုင်တွေကို  အများပြည်သူ လုံခြုံရေးအတွက် ပစ်ခတ်ရှင်းလင်းမှုတွေ လုပ်ဆောင်နေကြတာပါ။

နိုင်ငံတဝန်းမှာ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက်ဖိနှိပ်ဖမ်းဆီး သတ်ဖြတ်နေမှုတွေကို ပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ၊ ပြည်သူ့ ခုခံစစ်ကို ဆင်နွှဲနေကြတာဖြစ်ပြီး မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည် နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။

ဒါ့အပြင် မြန်မာပြည်တွင်း ပြည်သူ့ခုခံတော်လှန်စစ် အရှိန်မြှင့်ဖြစ်ပွားနေရာမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်ကနေ မတ် ၆ ရက်အထိ ၁ လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၉၅ ယောက် သေဆုံးခဲ့တယ်လို့လည်း NUG က ထုတ်ပြန်ထားပါတယ်။

ပျူစောထီးတွေနဲ့ ဒေါက်တိုင် အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ အကြမ်းဖက်ဝါဒီ စစ်ကောင်စီကို အမြန်ဆုံးစွန့်ခွာပြီး ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) နဲ့ ပြည်သူ့တော်လှန်ရေး အင်အားစုတွေဆီ လက်နက် တွေအပ်နှံပြီး  အချိန်မီပူးပေါင်းကြဖို့နဲ့ ပူးပေါင်းလာသူတွေကို လိုအပ်တဲ့ ကာကွယ်စောင့်ရှောက်မှုတွေ ပြုလုပ်ပေးသွားမယ်လို့  NUG ကာကွယ်ရေးဝန်ကြီးဌာနက ဖိတ်ခေါ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013