DVB Logo
Home
မြန်မာသတင်း
ဆန်အဝင်နည်းပြီး ဝယ်လိုအားများ၍ ပြည်တွင်း ဆန်၊ စပါးစျေး ဆက်လက် မြင့်တက်နေ
DVB
·
April 28, 2022
ဆန်အဝင်နည်းပြီး ဝယ်လိုအားများ၍ ပြည်တွင်း ဆန်၊ စပါးစျေး ဆက်လက် မြင့်တက်နေ
Donate to DVB

စျေးကွက်အတွင်း ဆန်အ၀င်နည်းပြီး ၀ယ်လိုအားများနေတာကြောင့် ပြည်တွင်းမှာ ဆန်နဲ့ ဆန်ကွဲစျေးနှုန်းတွေ ထပ်မံမြင့်တက်လာပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် စျေးကွက်ပေါက်စျေးတွေနဲ့ ယှဥ်ရင် ပြည်ပပို့ဆန်ကြမ်းနဲ့ ဆန်ကွဲအပါအ၀င် ပြည်တွင်း စားသုံးမှုများတဲ့ ဆန်ချောစျေးတွေ အမျိုးအစားအလိုက် ၁ အိတ်ကို ကျပ် ၅၀၀ ကနေ ၂၀၀၀ ၀န်းကျင်ထိ စျေးမြင့်တက်လာပါတယ်။

ဆန်အရောင်းဆိုင် လုပ်ငန်းရှင်တဦး “စပါးစျေးတတ်တာကြောင့် ဆန်စျေးအနည်းငယ်တက်ရတာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဧရာ၀တီတိုင်းစျေးကွက်မှာ စပါးစျေးက သင်္ကြန်မတိုင်ခင်စျေးထက် တင်း ၁၀၀ ကို အမျိုးအစား အလိုက် ကျပ် ၁၀၀၀၀ ကနေ ၅၀၀၀၀ အထိ စျေးမြင့်တက်လာပါတယ်။

ပုံမှန်အားဖြင့် စပါးအသစ်ပေါ်ချိန် စျေးကျဆင်းလေ့ရှိပေမဲ့ ဒီနှစ်မှာတော့ စိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းစဥ်အဆင့်ဆင့်မှာ ကုန်ကျစရိတ်တွေ ကြီးမြင့်နေတာ၊ သယ်ယူစရိတ်တွေ မြင့်တက်လာတာနဲ့ အထွက်နှုန်းလျော့ကျနိုင်တဲ့ အခြေအနေတွေကြောင့် စပါးစျေးရော၊ ဆန်စျေးကော ထပ်မံမြင့်တက်လာခဲ့ပါတယ်။ တဘက်မှာလည်း နိုင်ငံတကာဆန်စျေး မြင့်တက်နေချိန် ပြည်ပ၀ယ်လိုအားလည်း ဆက်လက်အားကောင်းနေပါတယ်။

ဒါကြောင့် အခုနှစ် စပါးပေါ်ရာသီမှာ စျေးအကျထက် အတက်ဘက်ကိုသာ ဦးတည်နိုင်တယ်လို့ စျေးကွက်လေ့လာသူတွေက သုံးသပ်ထားကြတာပါ။

လတ်တလောမှာလည်း ပြည်ပပို့ ဆန်နဲ့ဆန်ကွဲ ရန်ကုန် (FOB) စျေးနှုန်းတွေ ထပ်မံမြင့်တက်လာတာကို မြန်မာနိုင်ငံ ဆန်းစပါးအသင်းချုပ်က ပုံမှန်ထုတ်ပြန်တဲ့ စျေးနှုန်းစာရင်းမှာ တွေ့ရပါတယ်။

“အခုအချိန်က ကုန်ကြမ်းအ၀င်နည်းပြီး ဝယ်လိုအားများနေတော့ Export ဆန်ကြမ်းနဲ့ ဆန်ကွဲစျေး တက်နိုင်တယ်” လို့ ဆန်ကုန်သည်တဦးက မှတ်ချက်ပြုပါတယ်။

မြန်မာ့ဆန်နဲ့ ဆန်ကွဲကို တရုတ်၊ အိုင်ဗရီကို့စ်၊ နယ်သာလန်နဲ့ ဖိလစ်ပိုင်တို့ကို အဓိကအများဆုံး တင်ပို့နေပြီး၊ပြီးခဲ့တဲ့ မီနီဘတ်ဂျတ်ကာလအတွင်းမှာ ဆန်တန်ချိန် ၁ ဒသမ ၄ သန်းခန့် တင်ပို့နိုင်ခဲ့ကာ ပုံမှန်တင်ပို့မှုထက် တိုးတက်မှုရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013