DVB Logo
Home
မြန်မာသတင်း
ရှမ်းတောင်တော်လှန်ရေးအင်အားစု SSRY သင်တန်းဆင်း (ဓာတ်ပုံ)
DVB
·
April 27, 2022
ရှမ်းတောင်တော်လှန်ရေးအင်အားစု SSRY သင်တန်းဆင်း (ဓာတ်ပုံ)
1 / 5
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ တော်လှန်ရေးအင်အားစု (SSRY) တပ်ရင်း TAI-PDF (COBRA FORCE) တပ်ခွဲမှ အပတ်စဉ် ၁ သင်တန်းဆင်းပွဲကို ဧပြီ ၂၆ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

TAI-PDF တပ်ဖွဲ့ တာဝန်ရှိသူတဦးက “အပတ်စဉ် ၁ သင်တန်းဆင်းတာပါ။ ရိက္ခာစုဆောင်းရတာတွေနဲ့ စခန်းတည်ဆောက်ရတာတွေကြောင့် သင်တန်းကာလ ၂ လခွဲလောက် ကြာသွားပါတယ်။ သင်တန်းမှာ အမျိုးသမီး ၇ ဦးလည်း ပါဝင်ပြီး အမျိုးသားတွေနဲ့ ယှဉ်ပြီး ရင်ပေါင်တန်း လိုက်လုပ်နိုင်ကြပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ရှေ့ဆက်ပြီး သင်တန်းတွေပေးဖို့ရှိသလို သင်တန်းဆင်းပြီး တရက်အနားယူကာ တာဝန်ခွဲဝေပေးမှုတွေ လုပ်ဆောင်ပါတယ်။ ဆေးသင်တန်း၊ ဒရုန်းသင်တန်း၊မွမ်းမံသင်တန်းတွေနဲ့ ဆက်သွယ်ရေး နိုင်ငံရေးသင်တန်းတွေ တက်ဖို့ စေလွှတ်ထားပါတယ်လို့ ဆိုပါတယ်။

ရှမ်းတောင်တော်လှန်ရေး အင်အားစု (SSRY) တပ်ဖွဲ့ဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့အညီ ဖွဲ့စည်းတည်ဆောက်ထားတာလို့ ဆိုပါတယ်။

“ကျနော်တို့မှာ လူအင်အားသာရှိပြီး လက်နက်အင်အား လိုအပ်ချက်တွေ အများကြီး ရှိနေပါသေးတယ်။ လက်လုပ်လက်နက်တွေနဲ့ ရေရှည်မှာ အဆင်မပြေနိုင်ပါဘူး။ ဒါကြောင့် ပြည်သူတွေကလည်း တတ်နိုင်တဲ့ဘက်ကနေ ဆက်သွယ်ကူညီ လှူဒါန်းပေးပါ”လို့ TAI-PDF က တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013