DVB Logo
Home
မြန်မာသတင်း
ထိုင်းတောင်ပိုင်း ဖူးခက်တွင် မြန်မာအလုပ်သမားများ ဆန္ဒပြ
DVB
·
March 10, 2014
ထိုင်းတောင်ပိုင်း ဖူးခက်တွင်  မြန်မာအလုပ်သမားများ ဆန္ဒပြ
Donate to DVB
ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့က ဆောက်လုပ်ရေးလုပ်ငန်းခွင်နေရာ ၂ ခုမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာ အလုပ်သမားတွေဟာ လုပ်အားခလစာနဲ့ ပတ်သက်ပြီး မကျေနပ်လို့ ဆန္ဒပြခဲ့ကြပါတယ်။ phuket1

ဖူးခက်မြို့ ပါတောင်ရပ်ကွက်နဲ့ မခိုရပ်ကွက် ၂ ခုထဲက ပန်နဆွန် ဆောက်လုပ်ရေးကုမ္ပဏီပိုင်  ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ ဒီနေ့ မနက်ပိုင်းက မြန်မာ အလုပ်သမား ၃၀၀ ကျော် ဆန္ဒပြခဲ့ကြတာပါ။

လုပ်အားခ ရှင်းမပေးတာ၊ စာချုပ်ထဲပါတဲ့ လစာနှုန်းအတိုင်း မရရှိတာနဲ့ အလုပ်သမား မှတ်ပုံတင်ကြေးတွေ ပိုပြီး ဖြတ်ယူတာတွေကြောင့် ဆန္ဒပြခဲ့တယ်လို့  ပါတောင်လုပ်ငန်းခွင် အလုပ်သမား ကိုစန်းပွင့်က  ပြောပါတယ်။

“လစာမရတော့ ကျနော်တို့မှာ ဆန်ချေးငှားပြီး စားနေရတာ။ ဗမာပြည်မှာလည်း ကလေးတွေနဲ့ဆိုတော့ အိမ်ကိုပိုက်ဆံလွှဲဖို့ သူများဆီကနေ အတိုးနဲ့ယူရတယ်။ ၁၀၀ ကို ၁၅ ဘတ်တိုးနဲ့ ၅ ထောင်မျိုး၊ ၁ သောင်းမျိုး ယူထားတာ၊ အခု အဲဒီပိုက်ဆံလည်း မပေးနိုင်ဘူး။ ကြွေးရှင်က တကျည်ကျည်လုပ်တော့ ကျနော်တို့လည်း ညှိနှိုင်းတိုင်ပင်ပြီး ဆန္ဒပြကြတယ်။ ကျနော်တို့ တောင်းဆိုတာ လုပ်ခတွေ ဒီလထဲပြန်ပေးဖို့။ ဒါပေမယ့် သူတို့က ၁၇ ရက်နေ့တခါ၊   ၂၅ ရက်နေ့တခါ နောက်လ ၁၀ ရက်နေ့မှာတခါ ထုတ်ပေးမယ်လို့ ကတိပေးသွားတယ်။”

မြန်မာအလုပ်သမားတွေက လုပ်ငန်းခွင်မှာ ၁ နာရီကျော် မတ်တပ်ရပ်ဆန္ဒပြခဲ့တာမှာ  ကုမ္ပဏီ မန်နေဂျာ ရောက်ရှိလာပြီး လုပ်အားခကို ရှင်းပေးမယ်လို့ ပြောခဲ့တဲ့အတွက် ညနေပိုင်းမှာ လုပ်ငန်းခွင်ပြန်ဝင်ကြပြီး မန်နေဂျာပြောတိုင်းအတိုင်း ကတိမတည်ရင် ထပ်ပြီးဆန္ဒပြမယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

တချိန်တည်းမှာ မခိုရပ်ကွက်က လုပ်ငန်းခွင်မှာလည်း မြန်မာအလုပ်သမား ၆၀ ကျော်လောက်က လုပ်အားခရရှိရေး ဆန္ဒပြတောင်းဆိုခဲ့ကြပြီး သူတို့မန်နေဂျာက ဒီညနေမှာ အလုပ်သမား ၁ ဦးကို ဘတ် ၁ ထောင်စီ အရင်ပေးချေထားပြီး ဒီမတ်လအတွင်း လစာ အကုန်ရှင်းပေးမယ်လို့  ကတိပေးခဲ့ကြောင်း အလုပ်သမား ကိုမျိုးဇော်ဦးက ပြောပါတယ်။

ဖူးခက်ကျွန်းစုမှာ ပန်နဆွန်အုပ်စု ဆောက်လုပ်ရေးလုပ်ငန်းခွင်ပေါင်း ၂ ဒါဇင်လောက်ရှိပြီး  တခုကို အလုပ်သမား ၁၀၀ ကနေ ၂၀၀ လောက်ရှိကာ၊ အများစုဟာ မြန်မာအလုပ်သမားတွေလို့ ဆိုပါတယ်။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အလုပ်သမား သံအရာရှိ ဦးကျော်ကျော်လွင်ကတော့  အဲဒီကုမ္ပဏီနဲ့ မြန်မာအလုပ်သမားတွေအကြား  လုပ်အားခပြဿနာနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ လက တခါရှင်းပေးခဲ့ပြီး ဖြစ်ကြောင်းနဲ့ ခုကိစ္စနဲ့ ပတ်သက်ပြီး ထပ်မံဖြေရှင်းပေးသွားမယ်လို့ ဒီဗွီဘီကို ပြောပါတယ်။  
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013