DVB Logo
Home
မြန်မာသတင်း
နေပြည်တော် ကြံ့ခိုင်ရေးပါတီရုံး၌ နေထိုင် ထမင်းစရိတ် ပေးစားနေရသူမရှိဟု ပါတီတာဝန်ရှိသူပြော
DVB
·
April 27, 2022
နေပြည်တော် ကြံ့ခိုင်ရေးပါတီရုံး၌ နေထိုင် ထမင်းစရိတ် ပေးစားနေရသူမရှိဟု ပါတီတာဝန်ရှိသူပြော
Donate to DVB

နေပြည်တော်မှာရှိတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးချုပ်မှာ လာရောက်ခိုလှုံလာသူ ရာနဲ့ချီရှိနေပြီး နေထိုင်နေသူတွေဟာ ထမင်းစရိတ်ပေးပြီး စားနေရတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး အခြေအမြစ်မရှိဘူးလို့ ကြံ့ခိုင်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ တဦးဖြစ်တဲ့ ဒေါက်တာ နန္ဒာလှမြင့်က ဒီဗွီဘီကို ပြောပါတယ်။

"နေပြည်တော်ကြံ့ခိုင်ရေးရုံးမှာ ဘယ်လောက်ရှိတယ်၊ ဘယ်လောက်ခိုလှုံနေတယ် ဆိုတာတော့ မသိပါဘူး။ ဒါပေမဲ့ ထမင်းစရိတ်ယူပြီး ထမင်းကျွေးတယ်ဆိုတာကြီးက မဖြစ်နိုင်ပါဘူး။ အဲ့လိုသာလုပ်မယ်ဆိုရင် ဒီအဖွဲ့အစည်းက အောက်တန်းကျတဲ့ အဖွဲ့အစည်း ဖြစ်သွားမှာပေါ့။ ခင်ဗျားဆိုရင်ရော ကိုယ့်အိမ်မိသားစု ဒုက္ခရောက်နေတဲ့ အချိန်မှာ အခုလို ပိုက်ဆံယူပြီး ကျွေးမှာလား။ ဒါက ဘယ်လိုမှမဖြစ်နိုင်တာကြီးကို။ အောက်တန်းကျတဲ့ အဖွဲ့အစည်း ဖြစ်သွားမှာပေါ့ဗျ။ ဗမာလူမျိုးတွေ ဒီလောက်ယုတ်ညံ့သွားမလား ခင်များစဉ်းစားကြည့်ပါ၊ ဒါက လုပ်ကြံသတင်းပါ။ လူဘယ်လောက်လောက် ရုံးမှာ ရောက်နေတယ် ဆိုတာကတော့ မသိပါဘူး။ ကျနော့်အနေနဲ့ ရုံးကို အစည်းအ‌ဝေးရှိ၊ အခမ်းအနားရှိမှသာ ရောက်တာမို့ မသိပါဘူး။ ဒီကိစ္စတွေကို တာဝန်ယူပြီး ဖြေရှင်းတာက တခြားလူကြီးတွေ တဖွဲ့သတ်သတ်ရှိတယ်။ ကျနော်ကတော့ အတိအကျ မသိပါဘူး။ ဒါပေမဲ့ ခုနကလို ထမင်းစရိတ်တောင်းပြီး ထမင်းကျွေးနေတယ် ဆိုတာတော့ လုံးဝမဟုတ်ဘူး"လို့  ဒေါက်တာ နန္ဒာလှမြင့်ကပြောပါတယ်။

မြန်မာနိုင်ငံရဲ့ နေရာဒေသအသီးသီးမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး တဖြည်းဖြည်း စစ်ကောင်စီရဲ့ စိုးမိုးနယ်မြေတွေ လျော့ပါးလာတာကြောင့်  စစ်ကောင်စီနဲ့ ပတ်သက်သူတွေ အခု ဧပြီလထဲမှာ နေပြည်တော်ကို ရွှေ့ပြောင်းလာကြပြီး နီးစပ်ရာမှာ ပြောင်းရွှေ့နေထိုင်နေကြတာ ဖြစ်ပါတယ်။

တိုက်ပွဲတွေအပြင် စစ်အုပ်စုနဲ့ ဆက်နွှယ်သူတွေ အသတ်ခံရတာတွေရှိလာတဲ့အတွက်လည်း နေပြည်တော် ပြည်ထောင်စုနယ်မြေထဲက တပ်ကုန်း၊ ဇေယျာသီရိ၊ ပုဗ္ဗသီရိ၊ ဒက္ခိဏသီရိ၊ ဇမ္ဗူသီရိ၊ လယ်‌ဝေး၊ ပျဉ်းမနား ဒေသတွေကို ကယား၊ မကွေး၊ စစ်ကိုင်း၊ ချင်း၊ ရှမ်း စတဲ့ ဒေသတွေက ရွှေ့ပြောင်းလာသူ အယောက် ၁၀၀၀ ကျော်ရှိနေပြီဖြစ်ပါတယ်။  

အဲ့ဒီလူတွေအတွက် နေပြည်တော်မှာ တိုက်ပွဲရှောင်စခန်းတွေ ဖွင့်လှစ်ထားတာ မရှိပေမဲ့ သူတို့ရဲ့ စာရင်းတွေကိုတော့ စစ်ကောင်စီက ကုလသမဂ္ဂအေဂျင်စီတခုထံမှာ  တင်ပြ အကူအညီ တောင်းခံထားတယ်လို့ နေပြည်တော် စစ်ကောင်စီ အသိုက်အဝန်းကနေ သိရပါတယ်။

နေပြည်တော်နေ ဒေသခံတယောက်က "အဲ့ဒီ ရွှေ့ပြောင်းလာသူတွေက ကိုယ့်အစီစဉ်နဲ့ကိုယ် ပြောင်းလာကြပြီး အရင်က ပုဗ္ဗသီရိလိုမဟုတ်တဲ့ တခြား ဇမ္ဗူသီရိတို့ ဘာတို့နဲ့ တခြားနေရာတွေ၊ အရင်တုန်းကတော့ နေမယ့်သူမရှိတဲ့ နေရာတွေ၊ ချောင်ပေါ့၊ အဲ့ဒီနေရာတွေက အရင်တုန်းက သိန်း ၅၀ လောက်ပဲရှိတာ၊ အခု ၂၀၀ ကျော်လောက် ဖြစ်သွားတယ်။ 

ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ ပစ်ခတ်ခံရပြီးတဲ့နောက်မှာတော့ အရမ်းကို သိသာလာတယ်။ ရန်ကုန်စစ်ကောင်စီ အသိုင်းအဝန်းက လှိမ့်ပြီး‌ ရွှေ့ပြောင်းလာကြတ အခုပြောင်းလာတဲ့သူတွေ အများစုက တပ်မိသားစုဝင်တွေ များတယ်။ နေပြည်တော်မှာ မြေကွက်ဝယ်ဆောက်လုပ်နေသူတွေလည်းရှိပြီး သူတို့တွေပဲ ဝယ်ပြီး နေပြည်တော် ကြံ့ခိုင်ရေးရုံးမှာလည်း ယောနယ်နဲ့ စစ်ကိုင်းတိုင်းဘက်က တိုက်ပွဲရှောင်ပြီး ရွှေ့ပြောင်းနေထိုင်နေသူ များစွာရှိပြီး သူတို့တတွေကတော့ ဧပြီလ မတိုင်ခင်လောက်ကတည်းက ရောက်နေကြသူတွေဖြစ်ပြီး စာရင်းအတိအကျကိုတော့ မေးလို့မရတဲ့အတွက် မသိဘူးလို့ နေပြည်တော် သတင်းသမားတွေထံက သိရပါတယ်။

နိုင်ငံတဝန်းမှာ  ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးနေရသူပေါင်း ၉၁၂၇၀၀ ဦးရှိပြီး ဒီအထဲမှာ စစ်အာဏာသိမ်းပြီးချိန်ကစလို့ လက်နက်ကိုင် ပဋိပက္ခနဲ့ လုံခြုံဘေးကင်းမှုမရှိတဲ့ အခြေအနေတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူပေါင်း ၅၆၆၁၀၀ ဦးလည်းပါ၀င်တယ်လို့   UNOCHA  ရဲ့ စာရင်းအရသိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013