DVB Logo
Home
မြန်မာသတင်း
လာဘ်ပေးလာဘ်ယူမှု တိုင်းကြားရန် ဒု-သမ္မတပြော
DVB
·
March 10, 2014
လာဘ်ပေးလာဘ်ယူမှု တိုင်းကြားရန် ဒု-သမ္မတပြော
Donate to DVB

ပြည်သူတွေအနေနဲ့ လာဘ်ပေးလာဘ်ယူတာတွေကို တိုင်းကြားဖို့အတွက် ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက သတိပေးပြောကြားလိုက်ပါတယ်။

မတ် ၉ ရက်နေ့က မော်လမြိုင်မြို့ ပြည်နယ်ခန်းမမှာ ပြည်နယ်အစိုးရအဖွဲ့၊ နိုင်ငံရေးပါတီတွေနဲ့ လူမှုရေးအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံရာမှာ ဒုသမ္မတက အဂတိလိုက်စားမှုတွေကို တိုက်ဖျက်ရေးအတွက် ပြည်သူတွေ တိုင်ကြားကြဖို့် တွေ့ဆုံပွဲအခမ်းအနားမှာ ပြောကြားခဲ့တာပါ။

[caption id="attachment_28074" align="alignright" width="300"]ဒု-သမ္မတ စိုင်းမောက်ခမ်း ဒု-သမ္မတ စိုင်းမောက်ခမ်း[/caption]ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက “အရင်တုန်းက အဂတိ လိုက်စားမှုတွေကို တိုင်တန်းရတာ အင်မတန် ခက်ပါတယ်။ အခုတော့ ဒီအချိန်မှာ လမ်းကြောင်းဖွင့်ပေးထားပြီ ဖြစ်တဲ့အတွက် အဂတိလိုက်စားမှု မှန်တယ်။ တကယ်သက်သေသာဓက ပြနိုင်ရင် စွပ်စွဲခံရတဲ့သူကို အရေးယူနေပြီ ဖြစ်ပါတယ်။ သို့သော် တိုင်းတန်းတဲ့နေရာမှာ ပုဂ္ဂိုလ်ရေးအရ မနာလိုလို့၊ မုန်းတီးလို့နဲ့ အကြောင်းတခုခုကြောင့် တိုင်တန်းတဲ့ ကိစ္စမျိုးကတော့ မဖြစ်သင့်တဲ့ကိစ္စ ဖြစ်ပါတယ်။ အဲလို မလိုတမာ တိုင်တန်းခဲ့မယ်ဆိုရင်လည်း တိုင်တန်းတဲ့သူမှာ တာဝန်ရှိတဲ့အတွက် တခုခု ဖြစ်ရင် တိုင်တန်းတဲ့ သူ့ကို အရေးယူရမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

လုပ်ပိုင်ခွင့် အာဏာရှိသူက ရာထူးတာဝန်ကို အလွဲသုံးစားပြုလုပ်ပြီး တစုံတရာကို ပြုလုပ်ရန်၊ တဦးတယောက်အား ဥပဒေနဲ့အညီ ရသင့်ရထိုက်သော အခွင့်အရေး ပေးရန်၊ ပိတ်ပင်ရန် သက်ဆိုင်သူထံမှ တံစိုးလက်ဆောင်ကို ရယူရန် အားထုတ်ခြင်း၊ လက်ခံခြင်း၊ ပေးခြင်းနဲ့ ကတိပြုခြင်းတို့ကို သွယ်ဝိုက်ဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ ပြုလုပ်ခြင်းကို လာဘ်ပေးလာဘ်ယူမှုလို့ ၂၀၁၃ ခုနှစ်ကပြဋ္ဌာန်းခဲ့တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေမှာ အဓိပ္ပာယ် ဖွင့်ဆိုထားပါတယ်။

မွန်ပြည်နယ်ကို ၁ ရက်တာ ရောက်ရှိနေတဲ့ ဒုသမ္မတနဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ဝင်တွေဟာ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးနဲ့ ပုဂ္ဂလိကကဏ္ဍ ပြုပြင်ပြောင်းလဲရေး အခြေအနေတွေကို လာရောက် ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာတဲ့ ကိုယ်စား လှယ်တွေရဲ့ တင်ပြအကြံပြုချက်တွေကို အပြန်အလှန် ဆွေးနွေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013