DVB Logo
Home
လူမှုရေး
ဒေါ်အောင်ဆန်းစုကြည် တည်ထောင်တဲ့ စုဖောင်ဒေးရှင်း ဖွင့်လှစ်
DVB
·
March 9, 2014
ဒေါ်အောင်ဆန်းစုကြည် တည်ထောင်တဲ့ စုဖောင်ဒေးရှင်း ဖွင့်လှစ်
1 / 7
Donate to DVB

အမေရိကန်နိုင်ငံ ဟိုနိုလူလူအခြေစိုက် East-West Center က ဦးစီးကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ မီဒီယာညီလာခံအကြို "စု"ဖောင်ဒေးရှင်း စတင်ခြင်း အခမ်းအနားကို ရန်ကုန်မြို့ ဆရာစံ ပလာဇာရှိ သမ၀ါယစီးပွားရေး ဗဟိုခန်းမမှာ မတ်လ ၉ ရက်နေ့က ပြုလုပ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပါတယ်။

အဲဒီအခမ်းအနားကို "စု"ဖောင်ဒေးရှင်းက ဒါရိုက်တာအဖွဲ့ဝင်တဦးဖြစ်သည့် ရုပ်ရှင်သရုပ်ဆောင် မီရှဲလ်ယိုလည်း တက်ရောက်ကာ စကားပြောခဲ့ပြီး ဒါရိုက်တာအဖွဲ့ဝင်တွေဖြစ်တဲ့ ဟီလာရီ ကလင်တန်နဲ့ လော်ရာဘုရှ်တို့ကလည်း ဗွီဒီယို သ၀ဏ်လွှာများ ပေးပို့ခဲ့ပါတယ်။

"စု"ဖောင်ဒေးရှင်းကို ဒေါ်အောင်ဆန်းစုကြည်က တည်ထောင်ခြင်းဖြစ်ပြီး ပြည်သူတွေရဲ့ ပညာရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ဆောင်ရွက်သွားမှာပါ။

အမေရိကန်နိုင်ငံ ဟိုနိုလူလူအခြေစိုက် East-West Center က ဦးဆောင်တဲ့ အပြည်ပြည်ဆိုင်ရာ မီဒီယာ ညီလာခံကို မတ် ၁၀ ရက်မှ ၁၂ ရက်အထိ ရန်ကုန်မြို့ UMFCCI ခန်းမတွင်ကျင်းပပြုလုပ်မည်ဖြစ်ပြီး နိုင်ငံတကာက မီဒီယာသမားများ တက်ရောက် ဆွေးနွေးကြမှာပါ။

အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က အွန်လိုင်းမှာ အပုတ်ချ ရေးသားတာတွေနဲ့ ပတ်သက်လို့ သူ့အမြင်ကို ပြောဆိုသွားပါတယ်။

[gallery ids="52987,52988,52989,52990,52991,52992,52993"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013