DVB Logo
Home
မြန်မာသတင်း
စစ်တပ်အကြမ်းဖက်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၈၀၀ နီးပါးမြင့်တက်လာ
DVB
·
April 26, 2022
စစ်တပ်အကြမ်းဖက်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၈၀၀ နီးပါးမြင့်တက်လာ
Donate to DVB

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်း ၁ နှစ်ကျော်ကာလ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ကျဆုံးပြည်သူ ၁,၇၉၄ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၃,၃၅၄ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဧပြီ ၂၅ ရက်အထိ အေအေပီပီက ကောက်ယူ မှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေး ကာလအတွင်း ဒီနေ့အထိ ၁၀,၃၀၇ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၁.၀၀၁ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက် အပါအဝင် ၅၉ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

ဖမ်းဝရမ်းထုတ်ခံထားရတာကြောင့် တိမ်းရှောင်နေသူ ၁,၉၇၇ ယောက်ထဲက မျက်ကွယ် သေဒဏ်ချမှတ်ခြင်း ခံထားရသူ ၄၁ ယောက် အပါအဝင် အယောက် ၁၂၀ ကတော့ မျက်ကွယ်ပြစ်ဒဏ် ချခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း အယောက် ၁၀၀ ရှိပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်မနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ညောင်ရင်းကျေးရွာကို အကြမ်းဖက်စစ်အုပ်စုတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ကာ ဝင်ရောက်စီးနင်းခဲ့ပြီး ဒေသခံရွာသား ဦးဝင်းဦးနဲ့ ဦးကျော်မင်းလွင်တို့ကို အနီးကပ် ပစ်သတ်ခဲ့ကြောင်း သိရှိရပါတယ်။

ဒါ့အပြင် ဧပြီ ၁၆ ရက်ကလည်း ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်၊ ပဲရင်းတောင်ကျေးရွာက ရွာသား ၆ ယောက်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF)တွေလို့ စွပ်စွဲကာ အကြမ်းဖက်စစ်အုပ်စုတပ်က ဖမ်းဆီးခဲ့ပြီး ၃ ရက်အကြာ ဧပြီ ၁၉ ရက်မှာ သတ်ဖြတ်ခဲ့ကြောင်း သိရှိရပါတယ်။ အဆိုပါရွာသား ၆ ယောက်ကတော့ ဦးတင်ဖေ၊ ကိုလှစိုး၊ ဦးထွန်းဦး၊ ကိုသက်အောင်၊ ကိုမျိုးထွေးနဲ့ ဦးဝင်းနိုင်တို့ဖြစ်ကြောင်း သိရှိရပါတယ်။ အဆိုပါရွာသား ၆ ယောက်ကို သတ်ဖြတ်ခဲ့ပြီး နောက် ရွာသား ၃ ယောက်ဖြစ်တဲ့ ဦးဗထူး၊ ဦးဖိုးပြောင်နဲ့ ဦးလှရွှင်တို့ကိုလည်း ထပ်မံ သတ်ဖြတ်ခဲ့ကြောင်း သိရှိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013