DVB Logo
Home
မြန်မာသတင်း
အင်းဒင်စစ်ဆေးရေးဂိတ်၌ ရွှေချောင်း ၃၅ ချောင်း၊ ကျပ်သိန်း ၁၀၀၀ နှင့်အတူ အမျိုးသားတဦး ဖမ်းဆီးခံရ
DVB
·
April 25, 2022
အင်းဒင်စစ်ဆေးရေးဂိတ်၌ ရွှေချောင်း ၃၅ ချောင်း၊ ကျပ်သိန်း ၁၀၀၀ နှင့်အတူ အမျိုးသားတဦး ဖမ်းဆီးခံရ
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တော၊ အငူမှော်သွားလမ်း အင်းဒင်စစ်ဆေးရေးဂိတ်မှာ ဧပြီ ၂၄ ရက် နေ့လယ် ၂ နာရီကျော်လောက်က အကယ်ဒမီ ရွှေချောင်း ၃၅ ချောင်းနဲ့ မြန်မာငွေကျပ်သိန်း ၁၀၀၀ အား ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိသူမှာ မောင်တောမြို့ အမှတ် ၄ ရပ်ကွက်နေ အသက် ၃၅ နှစ်အရွယ် ကိုမင်းဇော်(ခ)မောင်မောင်ဖြစ်ပြီး စစ်တွေကနေ မောင်တောကို သယ်ယူလာစဥ် အင်းဒင်စစ်ဆေးဂိတ်မှာ ဖမ်းဆီးခံခဲ့ရတာပါ။

အင်းဒင်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးမိုးက “ဟုတ်တယ်။ အင်းဒင်စစ်ဆေးရေးဂိတ်မှာ စစ်တွေက လာတဲ့ ကားတွေကို စစ်ဆေးရာမှာ ရွှေချောင်း ၃၅ ချောင်း နဲ့ ငွေကျပ်သိန်း ၁၀၀၀ ဖမ်းဆီးရမိတာ။” လို့ အတည်ပြုပြောပါတယ်။

မောင်တောမြို့မိမြို့ဖတဦးက “မောင်တောမြို့ကို သယ်ဆောင်လာတဲ့ ရွှေချောင်းနဲ့ ငွေသားတွေကို ဖမ်းဆီးတယ်ဆိုတာက မဖြစ်သင့်တဲ့ အရာတွေလေ။ မောင်တောက ပြည်ပနိုင်ငံမဟုတ်ဘူး။ ဘင်္ဂလားကို သယ်ယူလို့ ဖမ်းချင်ဖမ်းလေ” လို့ ပြောပါတယ်။

အခုလို ဖမ်းဆီးရတာဟာ အထောက်အထားခိုင်လုံစွာ မပြနိုင်တဲ့အပြင် ခန္ဓာကိုယ်မှာ သိုဝှက်ယူဆောင်လာတာကြောင့် တဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပို့ဆောင်ဖို့ သံသယနဲ့ ဖမ်းဆီးရတာလို့ စစ်ကောင်စီလက်အောက်ခံ အင်ဒင်စခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။

အဲဒီရွှေချောင်းတွေကို ကိုမင်းဇော် ဝယ်ယူခဲ့တဲ့ အထောက်အထားရှိသလို ရွှေလုပ်ငန်းရှင်များ အသင်းဝင်တဦးလည်း ဖြစ်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းတွဲဖက်အတွင်းရေးမှူး ဦးကြည်စိန်က “ရွှေကို အထည်မဟုတ်ဘဲ့ အချောင်းလိုက်ဆိုရင်တော့ ရွှေပန်းတိန်လုပ်ကိုင်နေပြီး အထောက်အထား လိုင်စင်တွေပြနိုင်မယ်၊ ဒါမှမဟုတ် ဝယ်ယူစုဆောင်းတာဆိုရင်လည်း ဝယ်ယူခဲ့တဲ့ ​စာရွက်စာတမ်း တွေ ပြနိုင်ရင် ဖမ်းဆီးလို့ မရပါဘူး” လို့ပြောပါတယ်။

လက်ရှိမှာတော့ ရွှေချောင်း၊ ငွေသားတွေနဲ့ ဖမ်းဆီးရမိသူအား အင်းဒင်နယ်မြေစခန်းမှာ စစ်ကောင်စီက ဖမ်းဆီးထားပြီး သွင်းကုန်/ထုတ်ကုန် ဥပဒေနဲ့ အရေးယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်နေ့ကလည်း ကျီးကန်းပြင်စစ်ဆေးရေးဂိတ်မှာ တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ သယ်ယူတဲ့ သံသယနဲ့ ရွှေချောင်း ၂၀ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

၂၀၂၁ ခုနှစ် သြဂုတ် ၁၅ ရက်ကလည်း မောင်တောမြို့ကို သယ်ဆောင်လာတဲ့ ရွှေကျပ် ၃၉၀ နဲ့ ငွေသား သိန်း ၂၀၀၀ ကို မောင်တောမြို့ဝင်စစ်ဆေးဂိတ်မှာ ဖမ်းဆီးခံခဲ့ရတဲ့ အမှုမှာလည်း အထောက်အထားပြနိုင်တာကြောင့် တရားရုံးက အမှုဆုံးဖြတ်ပြီးစီးခဲ့ပေမယ့် ရွှေချောင်းတွေနဲ့ ငွေကို ဥပဒေအရ ၃ လဆိုင်းငံ့တယ်ဆိုပြီး ဒီနေ့အထိ ပြန်မရသေးဘူးလို့ မိသားစုဝင်တွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013