DVB Logo
Home
မြန်မာသတင်း
ငပုတောတွင် အုပ်ချုပ်ရေးမှူးအသတ်ခံရသဖြင့် ၄ နှစ်ကလေးအပါအဝင် ၁၅ ဦးကို စစ်ကောင်စီ ဖမ်းဆီး
DVB
·
April 25, 2022
ငပုတောတွင် အုပ်ချုပ်ရေးမှူးအသတ်ခံရသဖြင့် ၄ နှစ်ကလေးအပါအဝင် ၁၅ ဦးကို စစ်ကောင်စီ ဖမ်းဆီး
Donate to DVB

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်မှာ ငါးပြေးမကျေးရွာ အုပ်ချုပ်ရေးမှူး အသက်ခံရပြီးနောက်ပိုင်း အသက် ၄ နှစ်အရွယ်ကလေး အပါအဝင် ၁၅ ဦးထိ ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။

ငါးပြင်းမကျေးရွာအုပ်ချုပ်ရေး အသက်ခံရတဲ့ ဧပြီ ၁၉ ရက်နေ့ညပိုင်းမှာတင် ဒေသခံပြည်သူ ၁၀ ဦးကို စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးသွားပြီးနောက်ရက်မှာ အသက် ၄ အရွယ် ယောကျ်ားလေး ၁ ဦး၊ အသက် ၅ နှစ်အရွယ် မိန်းကလေး ၁ ဦးနဲ့ အသက် ၁၂ နှစ်အရွယ်မိန်းကလေး ၁ ဦးအပါဝင် ဒေသခံရွာသားတွေကို ထပ်မံ ဖမ်းဆီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။

“စဖြစ်တဲ့ညပိုင်းမှာတင် ၁၀ ယောက်ဖမ်းသွားတာ၊ ၂၂ ရက်နေ့မှာ ရွာထဲ ထပ်လာပြီး ၅ ယောက် ထပ်ဖမ်းတာ။ အဲဒီအထဲမှာ အသက်မပြည့်သေးတဲ့ ကလေးတွေပါ ပါသွားတာ။ ဒီကလေးတွေက ဘယ်လိုနိုင်ငံရေးနားလည်မလဲဗျာ။ အဲဒါကို သက်သက်ဒုက္ခပေးချင်လို့ ဖမ်းတာ” လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီက ဖမ်းဆီးသွားတဲ့ ပြည်သူတွေကို မိသားစုဝင်တွေနဲ့ အဆက်သွယ်ပြုလုပ်ခွင့် မပေးသလို ဘယ်နေရာမှာ ဖမ်းဆီးထားတယ်ဆိုတာလည်း မသိရသေးတာကြောင့် အသက်အန္တရာယ် စိတ်ပူနေရတယ်လို့ ဆိုပါတယ်။

ကျေးရွာအုပ်ချုပ်ရေးမှူး အသတ်ခံရတာနဲ့ပတ်သက်ပြီး ခုလို အသက်မပြည့်သေးတဲ့ ကလေးငယ်တွေပါ ဖမ်းဆီးခံနေရတာဟာ ရာအိမ်မှူး ဂုတ်တို ဆိုသူနဲ့ ဘပုတို့က စစ်တပ်နဲ့ ရဲကို သတင်းပေးတာကြောင့် ဖြစ်တယ်လို့ ရွာသားတွေအကြား ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

ငါးပြင်းမကျေးရွာအုပ်ချုပ်ရေးမှူး ဇော်ထွန်း ဆိုတဲ့သူကို ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့နဲ့ ငပုတော မြို့ပြပြောက်ကျားတပ်ဖွဲ့တို့ ပေါင်းရှင်းလင်းခဲ့တာဖြစ်ပြီး အားလုံး ဘေးကင်းတဲ့နေရာကို ပြန်ရောက်နေပြီလို့ တာဝန်ရှိသူတဦးက DVB ကို ပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013