DVB Logo
Home
မြန်မာသတင်း
ခင်ဦး PDF စခန်းတခုကို စစ်ကောင်စီတပ်ဝင်စီး၊ မုံရွာ-ရေဦးလမ်းရှိ BOC ဆီဆိုင် ဖျက်ဆီးခံရ
DVB
·
April 24, 2022
ခင်ဦး PDF စခန်းတခုကို စစ်ကောင်စီတပ်ဝင်စီး၊ မုံရွာ-ရေဦးလမ်းရှိ BOC ဆီဆိုင် ဖျက်ဆီးခံရ
1 / 5
Donate to DVB

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိတဲ့  PDF စခန်းတခုကို စစ်ကောင်စီတပ်တွေ ဧပြီ ၂၃ ရက်နေ့က ဝင်ရောက်စီးနင်းခဲ့တယ်လို့ သိရပါတယ်။

“စစ်ကောင်စီတပ်တွေ မနေ့က မနက် ၁၀ နာရီမှာ စစ်ကြောင်းထိုးလာတယ်။ ဦးမြို့နယ်၊ ရွာသာကျေးရွာ စခန်းတခု စီးနင်းခံရတယ်။ လက်နက်အချို့ပါသွားတယ်၊ ၁ ဦး ကျဆုံးသွားတယ်” လို့ ခင်ဦး PDFတပ်အဖွဲ့ဝင်တဦးက ပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်း မြို့နယ် ၃၀ ကျော်ကို အင်တာနက်တွေဖြတ်တောက်ကာ စစ်ကောင်စီတပ်တွေက နေ့စဉ်လိုလို စစ်ကြောင်းထိုးနေပြီး ကျေးရွာ နေအိမ်တွေကို  မီးရှိ့ဖျက်ဆီးနေသလို ဒေသခံတွေကိုလည်း ပစ်ခတ်ဖမ်းဆီးတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း  မုံရွာ-ရေဦးကားလမ်းပေါ်ရှိ BOC စက်သုံးဆီအရောင်းဆိုင်ကိုလည်း အမည်မသိ သူတွေက ဧပြီ ၂၃ ရက်နေ့ ညနေပိုင်း ဝင်ရောက်ဖျက်ဆီးခံရတယ်လို့ သိရပါတယ်။

"မနေ့ညနေ ၃ နာရီမှာ မုံရွာ-ရေဦးကားလမ်း ဖန်းခါးကျင်း ကျေးရွာရှိတဲ့ BOC စက်သုံးဆီဆိုင် ဖျက်ဆီးခံရတယ်၊ ဆိုင်ကယ်တွေနဲ့ လူ ၇ ဦး လာပြီး ဆိုင်မှာရှိတဲ့ ဝန်ထမ်းတွေကို ရိုက်သွားတယ်၊ ငွေ ၁၀ သိန်းလည်း ယူသွားတယ်” လို့ ဆိုင်တာဝန်ရှိသူတဦးက ပြောပါတယ်။

BOC ဆီဆိုင်ကို ဘယ်အဖွဲ့က ဖျက်ဆီးတယ်ဆိုတာ မသိရသေးဘဲ လက်ရှိမှာတော့ ဆိုင်ပိတ်ထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013