DVB Logo
Home
နိုင်ငံတကာ
တရုတ် လေကြောင်းချီ ကမ်းတက်ထိုးစစ်ကို တွန်းလှန်သည့်အသွင် ထိုင်ဝမ် လေ့ကျင့်
DVB
·
August 10, 2026
Photo: Chiang Ying-ying/Pool via REUTERS
Photo: Chiang Ying-ying/Pool via REUTERS
Donate to DVB

ထိုင်ဝမ်စစ်တပ်ဟာ ဩဂုတ် ၁၀ ရက်က မဟာဗျူဟာအရ အရေးပါတဲ့ ဖိန်ဟူကျွန်းစုမှာ တရုတ်ရဲ့ လေကြောင်းချီ ကမ်းတက်တိုက်ခိုက်မှုကို တွန်းလှန်တဲ့အသွင် ကျည်အစစ်သုံးပြီး စစ်ရေးလေ့ကျင့်ခဲ့ပါတယ်။

ဟန်ကွမ်းလို့ခေါ်တဲ့ ၁၀ ရက်ကြာ နှစ်ပတ်လည် စစ်ရေးလေ့ကျင့်မှုကို ပြီးခဲ့တဲ့ သီတင်းပတ်ကတည်းက စတင်ခဲ့တာပါ။

တရုတ်က ထိုင်ဝမ်ကို အင်အားသုံး သိမ်းယူလာနိုင်တဲ့ အခြေအနေမျိုးစုံအတွက် ကြိုတင်ပြင်ဆင် လေ့ကျင့်နေတာ ဖြစ်ပါတယ်။

မိုးမလင်းခင်မှာ တပ်ဖွဲ့တွေက M60A3 တင့်ကားတွေ၊ အမြောက်တွေနဲ့ လေယာဉ်ပစ်လက်နက်တွေ သုံးပြီး “အလွှာစုံကာကွယ်ရေး” ပုံစံကို လေ့ကျင့်ခဲ့ကြပါတယ်။

ဖိန်ဟူကျွန်းစုငယ်ကို သိမ်းယူပြီးမှ ထိုင်ဝမ်ကျွန်းကြီးကို တိုက်ခိုက်နိုင်တာကြောင့် ဒီကျွန်းစုဟာ တရုတ်ရဲ့ ပထမဆုံးပစ်မှတ် ဖြစ်လာနိုင်တယ်လို့ ထိုင်ဝမ်စစ်ရေးပညာရှင်တွေက သုံးသပ်ထားပါတယ်။

ဒေသခံ အရန်တပ်ဖွဲ့ဝင်တွေလည်း သူတို့ရဲ့ ၁၄ ရက်ကြာ လေ့ကျင့်ရေးအစီအစဉ်အဖြစ် ဒီစစ်ရေးလေ့ကျင့်ခန်းမှာ ပါဝင်ခဲ့ကြပါတယ်။

ထိုင်ဝမ်အလယ်ပိုင်းမှာလည်း အရေးပေါ်အခြေအနေ ကြုံရချိန် ပြည်သူတွေရဲ့ ဆက်သွယ်ရေးစနစ်ကို စမ်းသပ်ဖို့ မိုဘိုင်းအင်တာနက်အမြန်နှုန်းကို ပထမဆုံးအကြိမ် ရည်ရွယ်ချက်ရှိရှိ လျှော့ချသွားမှာပါ။

ဒါပေမဲ့ ATM စက်တွေ၊ မီးပွိုင့်တွေ၊ အရေးပေါ်လူနာတင်ယာဉ် ခေါ်ဆိုမှုတွေအပြင် ကြိုးဖုန်းနဲ့ အိမ်သုံးအင်တာနက်တွေကိုတော့ ထိခိုက်မှာမဟုတ်ပါဘူး။

မြို့တော်တိုင်ပေ အပါအဝင် ထိုင်ဝမ်မြောက်ပိုင်းမှာလည်း အလားတူ အင်တာနက်လျှော့ချ စမ်းသပ်မှုကို ဩဂုတ် ၁၃ ရက်နေ့မှာ ပြုလုပ်သွားမှာပါ။

တရုတ်က ထိုင်ဝမ်ကို သူ့ပိုင်နက်လို့ သတ်မှတ်ထားပေမဲ့ ကျွန်းရဲ့အနာဂတ်ကို ထိုင်ဝမ်ပြည်သူတွေပဲ ဆုံးဖြတ်နိုင်တယ်လို့ ထိုင်ဝမ်အစိုးရက ပြောထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013