DVB Logo
Home
မြန်မာသတင်း
မိုးကာလမတိုင်မီ ရခိုင်စစ်ဘေးရှောင်များ နေအိမ်ဆောက်လုပ်ရန် လိုအပ်
DVB
·
April 24, 2022
မိုးကာလမတိုင်မီ ရခိုင်စစ်ဘေးရှောင်များ နေအိမ်ဆောက်လုပ်ရန် လိုအပ်
1 / 6
Donate to DVB

ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းတွေမှာ မိုးတွင်းရာသီမရောက်မီ နေအိမ်တွေ ဆောက်လုပ်ဖို့ လိုအပ်နေကြတယ်လို့ စစ်ဘေးရှောင်စခန်းတာဝန်ခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်က စစ်ဘေးရှောင်စခန်းတွေမှာ တာပေါ်လင်၊ ဝါးနဲ့ညှပ်ကာ  ဆောက်လုပ်ထားတာဖြစ်ပြီး ပြုပြင်ဖို့ လိုအပ်နေသလို မိုးတွင်း ရာသီရောက်ပါက အခက်အခဲတွေ ရှိနိုင်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက မိုးသက်လေပြင်း တိုက်ခတ်မှုကြောင်း နေအိမ်တချို့ ပျက်စီးခဲ့သလို အိမ်တချို့ ဟာလည်း အိုဟောင်းနေပြီဖြစ်တာကြောင့် မိုးကာလမရောက်မီ ပြန်လည်ဆောက်လုပ်ဖို့ လိုအပ်နေတယ်လို့ ကျောက်တော်မြို့နယ် တောင်မင်းကုလားစစ်ဘေးရှောင်စခန်း တာဝန်ခံ ဦးအောင်ကျော်ဝင်းက ပြောပါတယ်။

“ကျနော်တို့ စခန်းတွေမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက မိုးသက်လေပြင်းကြောင့် နေအိမ်ပျက်စီးတယ်။ အိမ်တွေက အိုဟောင်းနေပြီဖြစ်တာကြောင့် မိုးတွင်းမရောက်မီ ဆောက်ဖို့လိုတယ်။ အိမ်တွေ ဆောက်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေအတွက်  UNHCR ကို အကူအညီတောင်းထားတာတွေ တော့ရှိတယ်” လို့ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ တိုက်ပွဲမဖြစ်တာ တနှစ်ကျော်ကြာရှိနေပြီးဖြစ်ပေမယ့် တိုက်ပွဲ ဖြစ်ပွားခဲ့ကြတဲ့ ကျေးရွာအနီးက စစ်ဘေးရှောင်တွေဟာ မိုင်းအန္တရာယ်၊ စားဝတ်နေရေး အခက်အခဲ၊ နေစရာအိမ်နဲ့ လုပ်စားစရာတွေ မရှိတော့တာကြောင့် နေရပ်မပြန်နိုင်သေးတာလို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်တွေမှာ နေအိမ်အခက်အခဲတွေရှိနေသလို စားဝတ်နေရေးပါ အခက်အခဲတွေရှိနေကြတယ်လို့ မြောက်ဦးမြို့ မြို့ဦးခေါင်းစစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးဝင်းနိုင်က ပြောပါတယ်။

“ကျနော်စခန်းမှာ ပြီးခဲ့တဲ့ ရက်က မိုးသက်လေးပြင်းကြောင့် လူနေအိမ် ၁၆၀ ပျက်စီးသွားတယ်။ လောလောဆယ်တော့ ICRC က တာပေါ်လင် အချက် ၁၀၀ လှူထားတာရှိတယ်။ နောက်တခုက စားဝတ်နေရေး တော်တော်လေးကို အခက်အခဲတွေရှိတယ်။ လူကယ်ပြန်က ဆန်ရိက္ခာမ ရောက်တာလည်း  ၂ လ လောက်ရှိပြီ။ WFP တို့ ICRC တို့ကတော့ ငွေ ပုံမှန်ထောက်ပံ့နေတာတွေတော့ ရှိတယ်” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက မိုးသက်လေပြင်း တိုက်ခတ်တာကြောင့် ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့နယ်တွေက စစ်ဘေးရှောင်စခန်းတချို့က လူနေအိမ် ၉၀၀ လောက် ပျက်စီး သွားတယ်လို့ အရပ်ဘက်အဖွဲ့အစည်းအချို့က ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင်တပ်တော် (အေအေ) တို့ ၂ နှစ်ကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် စစ်ဘေးရှောင်ဦးရေ ၂ သိန်းနီးပါးလောက်ရှိခဲ့ပြီး လက်ရှိမှာတော့ ၆ သောင်းလောက်ကျန်သေးတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013