DVB Logo
Home
မြန်မာသတင်း
မြောင်မြို့နယ်၌ ၁ နှစ်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၇၀ ကျော်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၀ ကျဆုံး
DVB
·
April 23, 2022
မြောင်မြို့နယ်၌ ၁ နှစ်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၇၀ ကျော်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်  ၂၀ ကျဆုံး
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်မှာ တနှစ်တာအတွင်း တိုက်ပွဲပေါင်း ၆၄ ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂၇၈ ဦးနဲ့ ပြည်သူ့ကာကွယ်ရေးတပ်သားအယောက် ၂၀ ကျဆုံးခဲ့တယ်လို့ ​မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄၉ ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတယ်လို့ ​မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ရဲ့ ၂၀၂၁ ခုနှစ် ဧပြီ ၂၂ ရက်ကနေ ၂၀၂၂ ခုနှစ် ဧပြီ ၂၂ ရက် အထိ တစ်နှစ်တာအတွက် အစီရင်ခံစာ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တစ်နှစ်တာအတွင်း ဖောက်ခွဲရေးအတွက် ကျပ်သိန်းပေါင်း ၁၆၈၀ (၁၆၈,၂၈၈,၇၁၀) ကျော် အသုံးပြုခဲ့ပြီး လက်နက်အတွက် ငွေကျပ် ၈၂၄ (၈၂,၄၁၀,၆၂၅) သိန်းကျော်အသုံးပြု ခဲ့​တယ်လို့ ဆိုပါတယ်။

ပြန်လည်ထူထောင်ရေးလုပ်ငန်းစဥ်အနေနဲ့ မြောင်မြို့နယ်အတွင်း စစ်ကောင်စီတပ်ရဲ့ မီးရှို့မှုကြောင့် ပျက်စီးဆုံးခဲ့တဲ့ အိမ်ခြေပေါင်း ၇၇ လုံး၊ စစ်ဘေးရှောင်နဲ့ အခြားရွာတွေအတွက် ငွေကျပ် ၁၆၆ (၁၆,၆၈၈,၀၀၀) သိန်းကျော် လှူဒါန်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

ကျန်းမာရေးအတွက် ကိုဗစ်ဒုတိယလှိုင်းကစတင်ပြီး ကိုဗစ်ပိုးတွေ့ပြည်သူ ၇၄၂ ဦးကို ကျန်းမာရေးစောင့်ရှောက်ပေးခဲ့ပြီး ခွဲစိတ်ကုသမှု ၁၈ ကြိမ်၊ အရေးပေါ်အခြေအနေ ၂၃ ကြိမ်၊ ကလေးမီးဖွားမှု ၁၀ ကြိမ်၊ လက်လုပ်မိုင်းထိလူနာ ၉ ကြိမ်၊ ကျည်ထိခွဲစိတ်လူနာ ၄ ကြိမ်တို့ကို ပြုလုပ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချကမှာ ဖော်ပြထားပါတယ်။

တနှစ်တာအတွင်း လူနာ ၇၃၀ ဦး၊ အတွင်းလူနာ ၆၆ ဦး နဲ့ Eey removal of  foreign Body ၁၆ ယောက်အထိ ကုသပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ပညာရေးအတွက် မူလတန်းအဆင့် ၄ ကျောင်း၊ အလယ်တန်းအဆင့် ၆ ကျောင်း၊ အထက်တန်းအဆင့် ၁၂ ကျောင်း စုစုပေါင်း ၂၃ ကျောင်းဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းသား/သူ  အယောက် ၃,၂၉၀ ကို ဆရာ၊ ဆရာမပေါင်း  ၂၉၀ နဲ့  သင်ကြားပေးနေကြောင်း၊ ပညာရေးလုပ်ငန်းဆောင်ရွက်မှုတွေကို တော်လှန်ရေးမှရရှိတဲ့ ငွေတွေနဲ့ လုံးဝအသုံးမပြုခဲ့ဘူးလို့ ​မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့က ဆိုပါတယ်။

တစ်နှစ်တာကာလအတွင်း မြောင်မြို့နယ်အတွက် ပြည်သူတွေရဲ့ ထောက်ပို့ရရှိမှုငွေမှာ သိန်းပေါင်း ၃,၇၀၀ ကျော်ဖြစ်ပြီး သိန်းပေါင်း ၃,၅၀၀ ကျော်ကို တော်လှန်ရေးကာလအတွင်း အသုံးပြုပြီး ဖြစ်တယ်လို့ ဖော်ထားပါတယ်။

အဆိုပါတစ်နှစ်တာအတွက် အစီရင်ခံဖော်ပြ ကြေညာချက်ကို မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေး နှင့် လုံခြုံရေးအဖွဲ့ကနေ  ဧပြီ ၂၂ ရက်က ကျရောက်တဲ့ မြောင်နယ်တော်လှန်ရေးနေ့တနှစ်ပြည့်နေ့ မှာ ထုတ်ပြန်ကြေညာခဲ့တာပါ။

မြောင်နယ်တော်လှန်ရေးနေ့ အခမ်းအနားကို ဧပြီ ၂၂ ရက်က ကျင်းပခဲ့ရာမှာ ဒေသဆိုင်ရာပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့နဲ့ တခြားတော်လှန်ရေးတပ်ဖွဲ့ပေါင်း ၃၆ ဖွဲ့ တက်ရောက်ခဲ့ကြတယ်လို့ မြောင်မြို့ နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ဆီက သိရပါတယ်။

​မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့က ထုတ်ပြန်ထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ ကျဆုံးမှုအခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013