DVB Logo
Home
နိုင်ငံရေး
အန်စီစီတီနဲ့ ငြိမ်းချမ်းရေဖော်ဆောင်ရေး ကော်မတီတို့ ဘားအံဆွေးနွေးပွဲအကြို ဆွေးနွေး
DVB
·
March 9, 2014
အန်စီစီတီနဲ့ ငြိမ်းချမ်းရေဖော်ဆောင်ရေး ကော်မတီတို့ ဘားအံဆွေးနွေးပွဲအကြို ဆွေးနွေး
1 / 10
Donate to DVB

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (အန်စီစီတီ)တို့ ဘားအံ ဆွေးနွေးပွဲ အကြိုဆွေးနွေးပွဲတရပ်ကို ရန်ကုန်မြို့ ငြိမ်းချမ်းရေး စင်တာမှာ မတ်လ ၉ ရက်နေ့ကနေ ၁၀ နေ့အထိ ၂ ရက် ကျင်းပပြုလုပ်နေပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီ ဘက်မှ ဒု ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းနဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး အပါအ၀င် စုစုပေါင်း ၁၅ ယောက် တက်ရောက်ခဲ့ပြီး နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (အန်စီစီတီ)ဘက်မှ အဖွဲ့ခေါင်းဆောင် နိုင်ဟံဟာ(NMSP)၊ ဒုတိယ အဖွဲ့ခေါင်းဆောင် ဖဒိုကွယ်ထူးဝင်း(KNU)နဲ့ ဒေါက်တာ ဆလိုင်းလျန်မုန်းဆာခေါင်း(CNF) အပါအ၀င် ၁၀ ဦး တက်ရောက်ဆွေးနွေးနေပါတယ်။

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းလောက်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ကချင်ပြည်နယ်၊ လိုင်ဇာမှာ ပထမဆုံးအကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့ (NCCT) ဖွဲ့စည်းခဲ့ကြပါတယ်။

အဲ့ဒီနောက် ဒီနှစ်ဆန်းပိုင်းမှာ ကရင်ပြည်နယ် လောခီးလာမှာ ဒုတိယအကြိမ် ညီလာခံကျင်းပခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ အပစ်ရပ်ဘုံသဘောတူညီချက် လောခီးလာ မူကြမ်း ချမှတ်နိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

[gallery ids="52942,52943,52944,52945,52946,52947,52948,52949,52950,52951"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013