DVB Logo
Home
မြန်မာသတင်း
ဒဂုံတက္ကသိုလ် ဆရာများသမဂ္ဂကို CDM ဆရာ၊ ဆရာမများဖြင့် ပြန်လည်ဖွဲ့စည်းမည်
DVB
·
April 21, 2022
ဒဂုံတက္ကသိုလ် ဆရာများသမဂ္ဂကို CDM ဆရာ၊ ဆရာမများဖြင့် ပြန်လည်ဖွဲ့စည်းမည်
Donate to DVB

ဒဂုံတက္ကသိုလ်ဆရာများသမဂ္ဂကို CDM ဆရာဆရာမတွေနဲ့ သွေးသစ်လောင်းပြီး ပြန်လည်ဖွဲ့စည်းသွားမယ်လို့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ကြေညာပါတယ်။

ဒဂုံတက္ကသိုလ်ဆရာများသမဂ္ဂ (Teachers' Association - Dagon University) ကို  ၂၀၁၂ ခုနှစ်က စတင်ကာ ဒဂုံတက္ကသိုလ်မှာ  ဖွဲ့စည်းကာ အစဥ်အဆက်ရပ်တည်ခဲ့တာ ဖြစ်ပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်းမှာတော့ ဒဂုံတက္ကသိုလ်ဆရာများသမဂ္ဂကလည်း ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂအပါအဝင် တော်လှန်ရေးအင်အားစုတွေနဲ့ ချိတ်ဆက်ပူးပေါင်းပြီး တော်လှန်ရေးမှာပါဝင်ခဲ့ပါတယ်။

ဆရာများသမဂ္ဂဥက္ကဋ္ဌဟာလည်း ဖမ်းဝရမ်းထုတ်ခံခဲ့ရပြီး ဆရာများသမဂ္ဂအမှုဆောင်တွေလည်း ရှောင်တိမ်းနေခဲ့ရတဲ့အပြင် ဆရာများသမဂ္ဂအမှုဆောင်တချို့ကတော့ တော်လှန်ရေး သစ္စာဖောက်ဖျက်ခဲ့လို့  ထုတ်ပယ်ခဲ့ရတယ်လို့  ဆိုပါတယ်။

ပြန်လည်ဖွဲ့စည်းမယ့် ဆရာများသမဂ္ဂမှာတော့ CDM ဆရာ၊ ဆရာမတွေ၊ တော်လှန်ရေးမှာ ပါဝင်နေတဲ့ ဆရာ၊ ဆရာမတွေနဲ့  ပြန်လည်ဖွဲ့စည်းသွားမှာမို့ ဒဂုံတက္ကသိုလ် CDM ဆရာ၊ ဆရာမတွေအနေနဲ့ ဆက်သွယ်ပါဝင်ဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။

မတရားစစ်အာဏာသိမ်းယူမှုကို ပြည်သူတရပ်လုံးက ဆန့်ကျင်တော်လှန်ခဲ့ကြတဲ့ နွေဦးတော်လှန်ရေးကာလဟာ တနှစ်ကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း စစ်အုပ်စုဟာ နည်းလမ်းမျိုးစုံနဲ့ သူတို့ကို ဆန့်ကျင်သူ နိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM ဆရာ၊ ဆရာမတွေ၊ ကျောင်းသားကျောင်းသူတွေ၊ အပြစ်မဲ့ ပြည်သူတွေကိုပါ  ဖမ်းဆီး ပစ်ခတ်သတ်ဖြတ်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကတော့ ဖမ်းဆီးခံထားရတဲ့ ရန်ကုန်တက္ကသိုလ် အရှေ့တိုင်းပညာဌာနမှူး ပါမောက္ခ ဒေါက်တာ အာကာမိုးသူကို  အများပြည်သူအကျိုးကို ပျက်စီးစေမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ် ၃ နှစ် စစ်ကောင်စီတရားရုံးက ချမှတ်ခဲ့ပါတယ်။

ဒေါက်တာ အာကာမိုးသူဟာ တက္ကသိုလ်ဆရာသမဂ္ဂ (UTA) ကို စတင်တည်ထောင်ခဲ့သူတစ်ဦး ဖြစ်သလို လက်ရှိ တက္ကသိုလ်ဆရာသမဂ္ဂများ ကိုယ်စားပြုကော်မတီ (RC of UTAs) ရဲ့ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ကာ စစ်တပ်က အာဏာသိမ်းပြီးချိန်ကတည်းက တက္ကသိုလ်ဆရာ၊ ဆရာမတွေရဲ့ အကြမ်းမဖက်အာဏာ ဖီဆန်ရေးလှုပ်ရှားမှု CDM ကို ဦးဆောင်ခဲ့သူတဦး ဖြစ်ပါတယ်။

လတ်တလောမှာတော့ နိုင်ငံတဝန်းမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကြား တိုက်ပွဲတွေလည်း မြို့ရွာအနှံ့ ပြင်းထန်နေပြီး ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးတာတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေကိုပါ  ဥပဒေမဲ့ လုပ်ဆောင်နေတာအပြင် အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်တာတွေကိုပါ ကျူးလွန်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013