DVB Logo
Home
Lead Story
ဘိုကလေးမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး ဆန္ဒပြ
DVB
·
March 8, 2014
ဘိုကလေးမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး ဆန္ဒပြ
1 / 14
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဘိုကလေးမြို့မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် မတ်လ ၈ ရက်နေ့ နံနက်ပိုင်းက ပြည်သူလူထု ၃၀၀ ကျော် ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပါဝင်တဲ့ ပုဒ်မ ၅၉ (ဃ)၊ ၅၉ (စ) နဲ့ ပုဒ်မ ၄၃၆ တို့ ပြင်ဆင်ပေးရေး လူထုဆန္ဒထုတ်ဖော် စီတန်းလှည့်လည်ပွဲကို ခွင့်ပြုမိန့်ယူပြီး ကျင်းပပြုလုပ်ခဲ့ တာပါ။

ဘိုကလေးမြို့လယ်ရှိ အောင်တော်မူ ဘုရားရှေ့ကနေ ဗိုလ်ချုပ်အောင်ဆန်းလမ်းမ အောင်စင်္ကြာ ဘုရားလမ်း၊ ဒုတိယလမ်းမနဲ့ အောင်သပြေလမ်းမကြီးတလျှောက် စီတန်းလှည့်လည်ခဲ့ကြပြီး နေ့လယ် ၁၂ နာရီကျော်မှာ ဆန္ဒပြပွဲ ပြီးဆုံးခဲ့ပါတယ်။

လွှတ်တော်မှာလည်း ဖွဲ့စည်းပုံ ပြင်ဆင်နိုင်ရေး အကောင်အထည် ဖော်မှု ကော်မတီကို ဖွဲ့စည်းထားပါတယ်။ ဒါ့အပြင် ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းကလည်း အခြေခံ ဥပဒေ ပြင်ဆင်နိုင်ရေး မူတွေကို ပေးပို့ထားပါတယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေရဲ့ အခန်း ၁၂ ပုဒ်မ ၄၃၆ ကို ပြုပြင် ပြောင်းလဲဖို့ NLD နဲ့ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း)တို့က ပူးပေါင်းဆောင်ရွက်ဖို့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

[gallery ids="52906,52907,52908,52909,52910,52911,52912,52913,52914,52915,52916,52917,52918,52919"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013