DVB Logo
Home
မြန်မာသတင်း
ခရမ်းမြို့နယ်တွင် စစ်ကောင်စီကား ၁ စီး ချောင်းအတွင်း ထိုးကျ
DVB
·
April 21, 2022
ခရမ်းမြို့နယ်တွင် စစ်ကောင်စီကား ၁ စီး ချောင်းအတွင်း ထိုးကျ
1 / 2
Donate to DVB

ရန်ကုန်တိုင်း ခရမ်းမြို့နယ်မှာ ဧပြီ ၂၁ မနက်ပိုင်းက လုံခြုံရေးကင်းလှည့် စစ်ဆေးပြီးပြန်လာတဲ့ စစ်ကောင်စီကား ကမာကလူကျေးရွာအနီး ချောင်းအတွင်း ထိုးကျခဲ့တယ်လို့ သိရပါတယ်။

ခရမ်းမြို့နယ် ကမာကလူကျေးရွာမှာ စစ်ဆေးပြီးအပြန် စစ်ကောင်စီကား ကျောက်တံတားအနီး ချောင်းထဲ ထိုးကျခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။

“မနက် ၅ နာရီလောက်က ကမာကလူရွာထိပ်မှာ စစ်ဆေးပြီးအပြန် ကျောက်တံတားကနေ ချောင်းထဲကို ကားထိုးကျသွားတာ။ ဒဏ်ရာရသူတွေတော့ များတယ်၊ သေတာလည်း ရှိတယ်။ ဘယ်နှဦး သေတယ်ဆိုတာကတော့ တိတိကျကျမသိရဘူး” လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီကား ချောင်းထဲထိုးကျအပြီးမှာ ဒဏ်ရာရသူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်လာပြီး ခရမ်းမြို့ပြည်သူ့ဆေးရုံကို ပို့ဆောင်သွားတယ်လို့ ဆိုပါတယ်။

ဧပြီ ၁၃ ရက်နေ့ကလည်း ခရမ်းမြို့နယ် ဇွဲတွန်စစ်ဆေးရေးဂိတ်ကို ခရမ်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF Khayan)၊ ပဲခူးခရိုင် PDF တပ်ရင်း (၁)၊ တပ်ခွဲ (၂) (ကဝ KPDF) ပူးပေါင်းတပ်တို့က ပူးပေါင်းတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီ တပ်သား ၁၀ ဦး သေဆုံးပြီး ၃ ဦး ဒာဏ်ရာပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013