DVB Logo
Home
မြန်မာသတင်း
နေပြည်တော်ဘုန်းကြီးကျောင်းတွေ တရားစွဲခံနေရ
DVB
·
March 8, 2014
နေပြည်တော်ဘုန်းကြီးကျောင်းတွေ တရားစွဲခံနေရ
Donate to DVB

နေပြည်တော်က ဘုန်းတော်ကြီးကျောင်း ၂၀ ကျော်ကို ကျူးကျော်မြေအဖြစ် သတ်မှတ်ပြီး နေပြည်တော်ကောင်စီ သာသနာရေးဝန်ကြီးဌာနက တရားဆွဲဆိုလိုက်ပါတယ်။

နေပြည်တော်ကောင်စီ နယ်မြေမှာရှိတဲ့ ဘုန်းကြီးကျောင်းတွေကို သစ်တောကြိုးဝိုင်း ကျူးကျော်မြေအဖြစ် သတ်မှတ်ပြီး မဖယ်သေးတဲ့ ဘုန်းကြီးကျောင်းတွေမှာရှိတဲ့ ဘုန်းကြီးတွေကို ၀ိနည်းဓမ္မကံ အဓိကရုဏ်းများ ဖြေရှင်းဆုံးဖြတ်ချက်များကို ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေပုဒ်မ ၇/၁၁ ဖြင့် အခုလို တရားဆွဲလိုက်တာပါ။

A sign welcomes visitors to Myanmar's isolated new capital, Naypyidaw July 4, 2009ဘုန်းကြီးကျောင်းတွေကို ဖယ်ရှားတာတွေနဲ့ ဘုန်းကြီးတွေကို တရားစွဲဆိုတာက ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပါတဲ့ အချက်တွေနဲ့ ကိုက်ညီမှု မရှိဘူးလို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူ က အခုလို ပြောပါတယ်။

“ဆရာတော် သံဃာတော်တွေ ကျောင်းတွေဟာ ကျူးကျော်ကျောင်းတွေဖြစ်တယ်။ သာသနာဝင် မှတ်တမ်းတွေ မရှိဘူး စတဲ့အချက်တွေနဲ့ပေါ့လေ။ တချို့ကျောင်းတွေဟာ သာသနာဝင် မှတ်တမ်းတွေ အပြည့်အစုံ ရှိတဲ့အပြင် သာသနာရေးဆိုင်ရာ ပွဲတွေဖြစ်တဲ့ ဓမ္မာစရိယ စာချတန်း၊ အကြီးတန်း အဲဒီအဆင့်မျိုးအထိတောင် အောင်မြင်ထားတဲ့ သံဃာတော်တွေလည်း တွေ့ရတယ်။ အခြေခံဥပဒေအရမှာပေါ့လေ။ ဒီဗုဒ္ဓဘာသာဟာ နိုင်ငံတော်မှာ အများစု ကိုးကွယ်တဲ့ အထွတ်အမြတ်ထားရာ ဘာသာဖြစ်တယ်ဆိုတဲ့ အချက်နဲ့ဆိုရင် အခြေခံဥပဒေနဲ့ မညီညွတ်ဘူးများ ဖြစ်နေမလား မပြောတက်ဘူးပေါ့လေ။ သံဃာတော်တွေကို။ သံဃာစစ် သံဃာမှန် ဖြစ်ရဲ့သားနဲ့ ရဟန်းတော်တွေ ထောင်ချခံရမယ့် အနေအထားမျိုး ဖြစ်တဲ့အတွက်ကို ညှိနှိုင်းတိုင်ပင် ဖြေရှင်းမှုမျိုးကို ဖြစ်သင့်တယ်။ ”

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၆၃ မှာတော့ နိုင်ငံတော်သည် အသိအမှတ်ပြုထားတဲ့ ဘာသာ သာသနာများကို တက်နိုင်သမျှ ကူညီစောင့်ရှောက်မည်ဟု ပြဋ္ဌာန်းထားပါတယ်။

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက လက်တွေမှာ မြေကြီးနဲ့မြေပုံကွဲလွဲမှုတွေ ရှိနေတယ်လို့ မနေ့က လွှတ်တော်ထဲမှာ မီဒီယာတွေနဲ့ တွေဆုံချိန် ပြောကြားလိုက်ပါတယ်။

“ခိုင်လုံသော အထောက်အထားများဆိုတဲ့ ဥစ္စာက အင်မတန် အငြင်းပွားရမယ့် ပြဿနာ။ ဒါကြောင့်မို့ လွှတ်တော်ထဲမှာလည်း ပြောပါတယ် လယ်သမားတွေဆီမှာ ခိုင်လုံသော အထောက်အထား မရှိနိုင်ဘူး။ ဘာကြောင့်လဲ။ ဟိုတုန်းက ဒီဟာတွေကို ရယူတဲ့ဟာလည်း မရှိဘူး။ ဥပမာ ပြောပါတယ်၊ ဒီနားမှာ တပ်မ ဋ္ဌာနချုပ်တခု တည်တယ်၊ တည်တဲ့အခါမှာ မြေယာသိမ်းဆည်းအဖွဲ့က မြေလွတ် မြေလပ် မြေရိုင်းဆိုပြီး ပေးလိုက်တယ်။ တပ်က သွားပြီး အဆောက်အဦ တွေ ဆောက်တယ်။ အဲဒီမှာ ရွာတွေ ဖြစ်နေတယ်၊ ဘုန်းကြီးကျောင်းတွေ ဖြစ်နေတယ်။”

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက လွှတ်တော်မှာရှိတဲ့ သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။

အစိုးရဘက်က တရားဆွဲဆိုလာတဲ့အတွက် အမှန်တရားပေါ်အောင် ဆက်ပြီး တရားရင်ဆိုင် သွားမယ်လို့ ဖယ်ရှားခံ ညောင်နှစ်ပင်ဘုန်းကြီးကျောင်းက ဆရာတော်ဦးအိန္ဒြ က အခုလို ပြောပါတယ်။
“လှူတန်းတဲ့ စာချုပ်စာတန်း ဦးဇင်းတို့မှာ အပြည့်အစုံ ရှိတယ်။ နောက်ပြီးတော့ သံဃာ့နာယက လုပ်ထုံးလုပ်နည်း ညွှန်ကြားလွှာနဲ့အညီ ဦးဇင်းတို့ ကျောင်းဆောက်ကြတာ။ အဲဒါကြောင့်မို့လို့ ဦးဇင်းတို့က သစ်တောကိုလည်း မကျူးကျော်ဘူး၊ လယ်ယာမြေကိုလည်း မကျူးကျော်ဘူး၊ နောက်ပြီးတော့ သံဃာ့နာယက ကိုလည်း ကျော်ပြီးတော့ မလုပ်ကြဘူး။ အဲဒါကြောင့် ဦးဇင်းတို့က တဖက်သတ် စွပ်စွဲခံထားရတဲ့ ကျူးကျော်ဆိုတဲ့ အဆုံးအဖြတ်ကို ဦးဇင်းတို့က လုံးဝ ဆန့်ကျင်ပြီးတော့ ပြန်ပြီးတော့ ချေပသွားကြဖို့ အခုအစီအစဉ် လုပ်လိုက်တာပါ။”

နေပြည်တော်ကောင်စီနယ်မြေမှာ ကျူးကျော်ဘုန်းကြီးကျောင်း ၃၇ ကျောင်းစစ်ဆေးတွေ့ရှိပြီး ၁၃ ကျောင်းကို ပံပိုးကူညီမှုတွေပေးပြီး ထွက်ခွာခိုင်းလိုက်ပြီးနောက် လက်ရှိမှာဘုန်းကြီးကျောင်း ၂၀ ကျော် မပြောင်းပေးပဲကျန်နေခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013