DVB Logo
Home
မြန်မာသတင်း
အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ မြန်မာနိုင်ငံ အနှံ့တွင်ပြုလုပ်မည်
DVB
·
March 8, 2014
အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ မြန်မာနိုင်ငံ အနှံ့တွင်ပြုလုပ်မည်
Donate to DVB

မတ်လ ၈ ရက်နေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို တိုင်းနယ်ပြည်နယ် များတွင် တပြိုင်တည်းပြုလုပ်သွားမယ်လို့ အမျိုးသမီးအခွင့်အရေးလှုပ်ရှားတဲ့ အမျိုးသမီး ကွန်ရက် အဖွဲ့ တွေ့ကပြောပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံတကာ အမျိုးသမီးများနေ့ကို မတ်လ ၇ ကနေ့ ၉ ရက်နေ့အထိ ကျင်းပသွားဖို့ရှိပါတယ်လို့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ကျင်းပရေးဦးစီကော်မတီက မမေစပယ်ဖြူက ပြောပါတယ်။

[caption id="attachment_52889" align="alignright" width="300"]အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ကျင်းပစဉ် - မတ်လ ၈ ရက် ၂၀၁၃ ခုနှစ် (ဓာတ်ပုံ - countryoffice.unfpa.org) အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ကျင်းပစဉ် - မတ်လ ၈ ရက် ၂၀၁၃ ခုနှစ် (ဓာတ်ပုံ - countryoffice.unfpa.org)[/caption]အမျိုးသမီးများ အကြမ်းဖက်မှုကင်းစင်စေရန် တနိုင်ငံလုံးအမျိုးသမီးလုပ်ရှားမှုတွင်ပါဝင်နိုင်လာ နိုင်အောင် ပြည်နယ်နဲ့တိုင်းဒေသကြီး ၁၁ ခု မြို့နယ် ၂၃ မြို့နယ်မှာ အမျိုးသမီးအရေး တက်ကြွလှုပ်ရှား သူ အရပ်ဘက်အမျိုးသမီးအဖွဲ့စည်း ၂၂ ခုက ဦးဆောင်ကျင်းပမယ်လို့ သိရပါတယ်။

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းနားတွင် မြို့နယ်အလိုက်ပွဲကျင်းပပုံ ကွဲပြားသွား မည် ဖြစ်ပြီး ရန်ကုန်မြို့ စိမ်းလဲကန်သာတွင်ကျင်းပမဲ့ အခမ်းအနားမှာ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးနေ့ ပေါ်ပေါက်လာပုံ၊ ဥပဒေအကြောင်းအရာနဲ့ အမျိုးသမီးပြခန်းတွေကို ပြသသွားမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာလည်း အစိုးရက ဇူလိုင် ၃ ရက်ကို သတ်မှတ်ပြီးတော့ အတိုက်အခံအုပ်စုတွေက ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဇွန် ၁၉ ရက်ကို မြန်မာ့အမျိုးသမီးများနေ့လို့ သတ်မှတ်ကျင်းပ နေကြပါတယ်။

နိုင်ငံတကာ အမျိုးသမီးများနေ့ဟာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးစတဲ့ လူမှုနယ်ပယ် အသီးသီးမှာ ယဉ်ကျေးမှု ဓလေ့ထုံး တမ်းစဉ်လာအရ အရိုးစွဲယုံကြည်ချက်ကြောင့် အမျိုးသမီးတွေအပေါ် တဖက်သတ်ခွဲခြားဖိနှိပ် အနိုင်ကျင့်မှုများမှ လွတ်မြောက်ရန်နှင့် တန်းတူ အခွင့်အရေး ရရှိရေးတို့အတွက် လှုပ်ရှားဆောင်ရွက်ခဲ့ကြတဲ့ ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးရေး လှုပ်ရှားမှုကြီးကို အသိအမှတ်ပြုရာကနေ သတ်မှတ်ကျင်းပလာတာ နှစ်ပေါင်း ၁၀၀ ကျော် ရှိလာပြီ ဖြစ်ပါတယ်။

အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013