DVB Logo
Home
မြန်မာသတင်း
မိုးသက်လေပြင်းကြောင့် ရခိုင်စစ်ဘေးရှောင်စခန်းက နေအိမ် ၁၈၀ ကျော် ပျက်စီး
DVB
·
April 20, 2022
မိုးသက်လေပြင်းကြောင့် ရခိုင်စစ်ဘေးရှောင်စခန်းက နေအိမ် ၁၈၀ ကျော် ပျက်စီး
1 / 7
Donate to DVB

ရခိုင်ပြည်နယ်ရှိ၊ မြို့နယ်တချို့မှာ ရုတ်တရက် မိုးသက်လေပြင်း တိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်စခန်းက နေအိမ်တွေ ပျက်စီးသွားတာကြောင့် နေထိုင်ဖို့ အခက်အခဲ ဖြစ်နေကြတယ်လို့ စခန်းတာဝန်ခံတွေက ပြောပါတယ်။

ဧပြီ ၂၀ ရက် နေ့လယ်ပိုင်းမှာ ရုတ်တရက် မိုးသက်လေပြင်း တိုက်ခတ်တာကြောင့် ဝါးတောင် စစ်ဘေးရှောင်စခန်းမှာ လူနေအိမ် ၈၀ နီးပါး ပျက်စီးသွားပြီး လက်ရှိမှာ ပျက်စီးသွားတဲ့ အိမ်တွေက စစ်ဘေးရှောင်တွေကို ကျေးရွာကွာရန်တင်းစင်တာတွေကို အရေးပေါ် ပို့ဆောင်ထားရတယ်လို့ စခန်းတာဝန်ခံ ဦးနိုင်ထွန်းဝင်က ပြောပါတယ်။

“ရုတ်တရက် မိုးသက်လေပြင်း တိုက်ခတ်လို့ စခန်းထဲက လူနေအိမ် ၈၀ လောက် ပျက်စီးသွားပါတယ်။ ကြိုတင် အသိပေးထားတာလည်း မရှိတော့ ကျနော်တို့မှာ ဘာပြင်ဆင်မှုမှ မရှိဘူး။ ပျက်စီးသွားတဲ့ အိမ်တွေက လူဦးရေ ၂၀၀ ကျော်လောက်ကို လက်ရှိမှာ ကျေးရွာ ကွာရန်တင်းစင်တာကို အရေးပေါ် ပို့ဆောင်ထားရတယ်။”

ကျောက်တော်မြို့ မဟာမုနိ စစ်ဘေးရှောင်စခန်းမှာလည်း အိမ်ခြေ ၄၃၂ အိမ်ရှိတဲ့အနက် နေအိမ် ၂၀ ခန့် လုံးဝပြိုပျက်သွားပြီး စာသင်ကျောင်းအဆောင်ပါ ပြိုပျက်သွားတယ်လို့ စစ်ဘေးရှောင်စခန်း တာဝန်ရှိသူတွေက ပြောပါတယ်။

မဟာမုနိစစ်ဘေးရှောင်စခန်းမှာ ခိုလှုံနေတဲ့ ဒုက္ခသည်တစ်ဦးက “ကျနော်တို့ ကျောက်တော် မဟာမုနိဒုက္ခသည်စခန်းက လေမတိုက်ရင်လည်း ပြိုပျက်နေတာပါ။ ဘယ်သူမှလည်း လာရောက်ပြီး ပြုပြင်နိုင်ဖို့ မဆောင်ရွက်ပေးပါဘူး”လို့ ပြောပါတယ်။

ဒါ့အပြင် ကျောက်တော်မြို့နယ် ညောင်ချောင်း စစ်ဘေးရှောင်စခန်းမှာလည်း မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် လူနေအိမ် ၁၀၀ ကျော် ပျက်စီးသွားတယ်လို့ ညောင်ချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဦးသန်းအေးက ပြောပါတယ်။

“ကျနော်တို့ကျေးရွာက စစ်ဘေးရှောင်စခန်းမှာတော့ လူနေအိမ် ၁၀၀ ကျော်လောက် ပျက်စီးသွားတယ်။ လောလောဆယ် စာရင်းကောက်တုန်း ရှိသေးတယ်။ ဘယ်လောက် ပျက်စီးသွားတယ်ဆိုတာ အတိအကျ မသိရသေးဘူး။”

ရခိုင်ပြည်နယ်ရှိ မြို့နယ်တချို့မှာ မိုးသက်လေပြင်း တိုက်ခတ်တာ မိနစ် ၄၀ လောက် ကြာခဲ့ပြီး စစ်ဘေးရှောင် နေအိမ်တချို့ အပါအဝင် အဆောက်အဦတချို့ပါ ပျက်စီးခဲ့ပြီး အရေးပေါ် နေထိုင်စရာ အခက်အခဲ ဖြစ်နေကြတာပါ။

ရခိုင်ပြည်နယ်မှာ စစ်တပ်နဲ့ ရက္ခိုင်တပ်တော် AA တို့ရဲ့ ၂ နှစ်ကျော် တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ဘေးရှောင်ဦးရေ ၁ သိန်းကျော်အထိ ရှိခဲ့ပြီး လက်ရှိမှာတော့ စစ်ဘေးရှောင်ဦးရေ ၆ သောင်းကျော်လောက် ရှိနေသေးတယ်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီရဲ့ စာရင်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013