DVB Logo
Home
မြန်မာသတင်း
ကျောင်းသားတပ်မတော် ဒဿမအကြိမ်မြောက် ညီလာခံ စတင်ကျင်းပ
DVB
·
March 7, 2014
ကျောင်းသားတပ်မတော် ဒဿမအကြိမ်မြောက် ညီလာခံ စတင်ကျင်းပ
Donate to DVB

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးထားတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (အေဘီအက်စ်ဒီအက်ဖ်)ရဲ့ ဒဿမအကြိမ်မြောက် ညီလာခံကို ဒီနေ့ စတင်ကျင်းပနေပါတယ်။

ကရင်ပြည်နယ်အတွင်းမှာရှိတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ကျောင်းသားတပ်မတော်)ရဲ့ ဒေါင်းတမန်စခန်းမှာ ၁၀ ကြိမ်မြောက်ညီလာခံ ကျင်းပနေတာပါ။

ABSDF 10th confrenceအေဘီအက်စ်ဒီအက်ဖ် ဥက္ကဋ္ဌ ရဲဘော်သံခဲက “လက်ရှိ တနိုင်ငံလုံးဆိုင်ရာမှာ တစုံလုံးဆိုင်ရာ ဖြစ်တဲ့ နိုင်ငံရေးအခြေအနေ၊ တစုံလုံးဆိုင်ရာဖြစ်နေတဲ့ ပြည်သူလူထုရဲ့ အခြေအနေ၊ နိုင်ငံတကာ အခြေအနေ စသဖြင့် ဒီအခြေအနေကို ကျနော်တို့ ပြန်လည်ပြီး သုံးသပ်မယ်။ နောက်တချက် ကျနော်တို့ ရောက်ရှိနေတဲ့ ကျနော်တို့ တိုက်ပွဲဝင်နေတဲ့ နိုင်ငံရေးတိုက်ပွဲ၊ စစ်ရေးတိုက်ပွဲ၊ သံတမန်ရေးတိုက်ပွဲ ဒီတိုက်ပွဲတွေနဲ့ ပတ်သက်တဲ့ ရှေ့လုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်တွေကို အခြေအနေနဲ့အညီ လိုက်လျောညီထွေဖြစ်နိုင်အောင် လုပ်ဆောင်နိုင်မယ့် လုပ်ငန်းစဉ်တွေကို ချမှတ်ဖို့ ဖြစ်တယ်။”

ဒီညီလာခံကို ကျောင်းသားတပ်မတော်ဗဟိုရှိ တပ်ရင်း ၉ ရင်းနဲ့အတူ ကျောင်းသားတပ်မတော် မြောက်ပိုင်း၊ အနောက်ပိုင်းက တပ်ရင်းမှူးတွေနဲ့ ညီလာခံကိုယ်စားလှယ် ၄၁ ဦး အပါအ၀င် နိုင်ငံတကာက လေ့လာသူတွေ တက်ရောက်ခဲ့ပါတယ်။

မတ်လ ၇ ရက်နေ့ကနေ ၁၃ ရက်နေ့ထိ ကျင်းပမယ့် ညီလာခံကနေ ကျောင်းသားတပ်မတော်ရဲ့ ရှေ့လုပ်ငန်းစဉ်တွေနဲ့ လာမယ့်ညီလာခံသက်တမ်းမှာ တာဝန်ယူမယ့် ဗဟိုကော်မတီတွေကို ပြန်လည်ရွေးချယ်မယ်လို့လည်း ရဲဘော် သံခဲက ပြောပါတယ်။

“ဒီစနစ်ကြီးကို ပြောင်းလဲဖို့အတွက် အခြေအနေသစ်နဲ့အတူ လိုက်လျောညီထွေဖြစ်မယ့် ခြေလှမ်းသစ်တွေ၊ နောက်တခုက လိုက်လျောညီထွေဖြစ်မယ့် စိတ်ဓာတ်အသစ်တွေနဲ့အတူ အားလုံး လိုလားတောင့်တတဲ့ ဒီမိုကရေစီတော်လှန်ရေးကို ရှေ့ဆက်ရဦးမယ်လို့ ယူဆပါတယ်။ ဒါကြောင့်မို့လို လူထုရဲ့ထောက်ခံမှု၊ မဟာမိတ်အဖွဲ့အစည်းတွေရဲ့ ကျနော်တို့အပေါ်မှာ ၀န်းရံပံ့ပိုးမှုတွေကို ဆက်လုပ်ပြီးလုပ်ဆောင်ပေးကြဖို့ ဒီနေရာကနေ တိုက်တွန်းပါတယ်။”

အေဘီအက်စ်ဒီအက်ဖ် ခေါ် ကျောင်းသားတပ်မတော်ကို ၁၉၈၈ ခုနှစ် ၈ လေးလုံး လူထုလှုပ်ရှားမှုကြီးမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အတွက် လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲဖို့ နယ်စပ်ကို ရောက်ရှိလာတဲ့ ကျောင်းသားလူငယ်တွေနဲ့ ၁၉၈၈ ခု နိုဝင်ဘာလ ၁ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ကြတာပါ။

လက်ရှိမှာတော့ သမ္မတဦးသိန်းစိန်အစိုးရနဲ့ ၂၀၁၃ ခုနှစ် သြဂုတ်လ ၁၀ ရက်နေ့မှာ ငြိမ်းချမ်းရေး အတွက် ပထမအကြိမ် ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲ သဘောတူ လက်မှတ်ရေးထိုး ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013