DVB Logo
Home
မြန်မာသတင်း
အမျိုးစောင့်ဥပဒေပြဌာန်းဖို့ ကော်မရှင်ဖွဲ့လုပ်မယ်
DVB
·
March 7, 2014
အမျိုးစောင့်ဥပဒေပြဌာန်းဖို့ ကော်မရှင်ဖွဲ့လုပ်မယ်
Donate to DVB

အမျိုးစောင့်ဥပဒေတွေ ပြဌာန်းနိုင်ဖို့ ကော်မရှင်ဖွဲ့ပြီး လုပ်ဆောင်သွားမယ်လို့ သမ္မတက လွှတ်တော်ထံ သ၀ဏ်လွှာ ပေးပို့လိုက်ပါတယ်။

parliment july4 againဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်ကို သမ္မတက သ၀ဏ်လွှာပေးပို့လိုက်တာ ဖြစ်ပါတယ်။ စာပါ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်း ပြောပြတာက ပြောပါတယ်။

“လူဦးရေ ထိန်းချုပ်ရေး ဥပဒေရှိတယ်။ နောက် တလင်တမယားစနစ် ပေါ့နော်။ အဲဒီ ဥပဒေ ၂ ခုကို သမ္မတ သ၀ဏ်လွှာပို့တာက အဲဒါက တရားလွှတ်တော်ချုပ်က ပြန်ပြီး ရေးဆွဲရမှာ ဖြစ်တယ်ဆိုပြီးတော့ ကျန်တဲ့ ဥပဒေ ၂ ခုကတော့ ကော်မတီ တရပ်ဖွဲ့ပြီးတော့ ပြုလုပ်သွားမယ်။ အဲဒီလိုပဲ ကျနော်ကြားလိုက်ပါတယ်။”

ဥပဒေတွေက ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ၊ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ၊ တလင်တမယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေနဲ့ လူဦးရေ တိုးပွားနှုန်း ထိန်းညှိခြင်း ဆိုင်ရာ ဥပဒေတွေ ဖြစ်ပြီး ဒီဥပဒေတွေကို ပြဌာန်းပေးဖို့ သံဃာတော်တွေ ဦးဆောင်ဖွဲ့စည်း ထားတဲ့ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့က တင်ပြထားတာဖြစ်ပါတယ်။

ဒီဥပဒေတွေ ပြဌာန်းပေးဖို့ သမ္မတက လွှတ်တော်ထံ စာပို့၊ လွှတ်တော်က အစိုးရအဖွဲ့က ဥပဒေကြမ်းပြုစု စိစစ်ပြီး လွှတ်တော်ထံ ပြန်ပို့ဖို့ အကြောင်းကြားခဲ့ပြီးတဲ့နောက် အခုလို သမ္မတက ကော်မရှင်ဖွဲ့လုပ်သွားမယ်လို့ ဆိုလာတာ ဖြစ်ပါတယ်။

ဗမာပြည်ကွန်မြူနစ်ပါတီ ပြောခွင့်ရ ရဲဘော်ဖိုးသံချောင်းကတော့ အစိုးရအနေနဲ့ အမျိုးစောင့် ဥပဒေတွေ ပြဌာန်းဖို့ မြန်မြန်ဆန်ဆန် လုပ်ဆောင်နေတာဟာ နိုင်ငံရေးစတန့်ထွင်တာလို့ သုံးသပ် ပြောပါတယ်။

“ဒီလက်ရှိ အစိုးရဟာ သူတို့ အကျပ်အတည်းတွေ တွေ့တိုင်း ဘာသာကို ထုတ်ပြီးအသုံးချတယ်။ အခုနောက်ပိုင်းမှာ ဘာသာရေးနဲ့ လူမျိုးရေးကို အသုံးချတာ ပိုပြီးများပြားလာတယ်။ ပိုပြီးတော့လည်း လုပ်ပုံကိုင်ပုံက ပိုပြီး ကောက်ကျစ်လာတယ်လို့ ပြောကြပါစို့။ ဒီ ဥပဒေ ပြဋ္ဌာန်းဖို့ ကြိုးစားတာကလည်း အဲဒီလို ခြေလှမ်းတွေထဲက တခုဖြစ်ပါတယ်။ ဒီဟာက ဖြစ်တာ မဖြစ်တာ အပထား သူတို့က ဘာပဲပြောပြော နာမည်ကောင်းရလောက်အောင် သံဃာတော်များကြားမှာ ဒါမှမဟုတ် ဗုဒ္ဓဘာသာအကြားမှာ နာမည်ကောင်းရအောင် စတန့်ထွင်တာတမျိုးလို့ပဲ ယူဆပါတယ်။ တကယ် တိုင်းပြည်ကို ကောင်းစားစေချင်တဲ့ စေတနာ၊ တိုင်းပြည်မှာ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ညီညီညွှတ်ညွှတ် ပြေပြေလည်လည် တည်ရှိစေဆိုတဲ့ စေတနာနဲ့ လုပ်တာ မဟုတ်ဘူးလို့ ထင်ပါတယ်။”

အမျိုးစောင့်ဥပဒေ ၄ ခု ပြဌာန်းဖို့ ထောက်ခံတဲ့ လက်မှတ်ပေါင်း ၁ သန်းကျော်နဲ့ သမ္မတထံ ၂၀၁၃ ခုနှစ်လည်ပိုင်းမှာ ပေးပို့ချက်ကို သမ္မတက ဒီနှစ် ဖေဖော်ဝါရီလထဲ လွှတ်တော်ထံ တင်ပြ ခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၁၂ ခုနှစ်က စတင်တဲ့ ပဋ္ဋိပက္ခဖြစ်ပွားခဲ့ပြီးနောက် ဘာသာရေးဆန်ဆန် လူမျိုးရေးဆန်ဆန် ပဋ္ဋိပက္ခတွေ တိုင်းနဲ့ပြည်နယ်အချို့ကို ကူးစက်ခဲ့ပြီးတဲ့နောက် အမျိုးစောင့် ဥပဒေ ပေါ်ပေါက်ရေးကိစ္စ ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013