DVB Logo
Home
နိုင်ငံတကာ
ငြိမ်းချမ်းရေးအတွက် ဟက်ဇ်ဘိုလာက ပြဿနာဟု အမေရိကန်ပြော 
DVB
·
May 7, 2026
Photo: REUTERS/Kylie Cooper
Photo: REUTERS/Kylie Cooper
Donate to DVB

အစ္စရေးနဲ့ လက်ဘနွန်ကြား ငြိမ်းချမ်းရေး ရနိုင်ပေမဲ့ လက်ဘနွန် စစ်သွေးကြွအဖွဲ့ ဟစ်ဇ်ဘိုလာက ပြဿနာတခု ဖြစ်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုက မေ ၅ ရက်နေ့က အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောပါတယ်။ 

လက်ဘနွန်အစိုးရအနေနဲ့ အမေရိကန်ရဲ့ မဟာမိတ်အစ္စရေးနဲ့ တိုက်ခိုက်မှုတွေ အဆုံးသတ်ဖို့ အမြဲတမ်း သဘောတူညီချက်တခုကို လိုလားနေတာ ဖြစ်ပေမဲ့ အစ္စရေးဘက်ကတော့ ဘယ်လို သဘောတူညီချက်မှာ မဆို အီရန် ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာတွေကို အပြီးသတ် လက်နက်ဖြုတ်သိမ်းရမယ်လို့ တောင်းဆိုထားပါတယ်။ 

ဝန်ကြီး  ရူဘီအိုက “ဒီအခြေအနေက အသစ်အဆန်း မဟုတ်ဘဲ ကြာလှပါပြီ။ အမေရိကန်အနေနဲ့ မျှော်လင့်တာက လက်ဘနွန်နဲ့ အစ္စရေးအစိုးရတွေကို ကြားဝင်စေ့စပ်ပေးပြီး စားပွဲဝိုင်းမှာ ဆွေးနွေးစေချင်တာပါ။ လက်ဘနွန်ပြည်သူတွေ ကိုယ်တိုင်ကလည်း ဟစ်ဇ်ဘိုလာရဲ့ သားကောင်တွေ ဖြစ်နေတာကြောင့် လက်ဘနွန်စစ်တပ်နဲ့ အစိုးရတို့က ဟက်ဇ်ဘိုလာကို စိန်ခေါ်ပြီးတော့ လက်နက်ဖြုတ်သိမ်းနိုင်စွမ်း ရှိဖို့ပဲ လိုပါတယ်”လို့ဆိုပါတယ်။ 

ဒီလုပ်ငန်းစဉ်ဟာ မလွယ်ကူပေမဲ့ ဟစ်ဇ်ဘိုလာရဲ့ အကြမ်းဖက်မှုတွေကြောင့် ခဏခဏ ပျက်စီးမသွားမဲ့ အမြဲတမ်း အပစ်အခတ်ရပ်စဲရေးမျိုး ရရှိဖို့ နှစ်ဖက်စလုံး ဆက်လက် ဆွေးနွေး နိုင်အောင် အမေရိကန်က အစွမ်းကုန် ကြိုးစားသွားမယ်လို့လည်း ပြောပါတယ်။

တဖက်မှာလည်း အီရန်က စစ်ပွဲရပ်ဖို့ဆိုရင် လက်ဘနွန်ကို တိုက်ခိုက်တာတွေ အရင်ရပ်ရမယ်လို့ ဆိုထားပေမဲ့ ဝါရှင်တန်ကတော့ ဒါဟာ သီးခြားစီဖြစ်တဲ့ ကိစ္စတွေလို့ တုံ့ပြန်ပါတယ်။ 

မတ် ၂ ရက်က စတင်ခဲ့တဲ့ အီရန်အပေါ် အမေရိကန်-အစ္စရေး တို့ရဲ့တိုက်ခိုက်မှုအတွင်း ဟစ်ဇ်ဘိုလာရဲ့ ဒုံးကျည်နဲ့ ပစ်ခတ်မှုတွေကြောင့် အစ္စရေးက လေကြောင်းတိုက်ခိုက်မှုတွေ တိုးမြှင့်ခဲ့သလို လက်ဘနွန်တောင်ပိုင်းကိုလည်း မြေပြင်ကျူးကျော်မှု လုပ်ခဲ့ပါတယ်။ 

အဲဒီတိုက်ခိုက်မှုတွေကြောင့် လက်ဘနွန်ဘက်မှာ လူ ၂,၆၀၀ ကျော် သေဆုံးပြီး တသန်းကျော် အိုးအိမ်မဲ့ဖြစ်ခဲ့ရသလို အစ္စရေးဘက်မှာလည်း စစ်သား ၁၇ ယောက် နဲ့ အရပ်သား ၂ ယောက် သေဆုံးခဲ့ပါတယ်။

လက်ရှိမှာ နှစ်ဖက်စလုံးက ဧပြီလလယ်ကစပြီး အပစ်အခတ်ရပ်စဲရေးကို မေလအထိ သက်တမ်းတိုး ထားပေမဲ့ အစ္စရေးက လက်ဘနွန်တောင်ပိုင်းမှာ ဆက်လက်တပ်စွဲထားပြီး ဟစ်ဇ်ဘိုလာကလည်း အစ္စရေးတပ်တွေကို ဆက်လက်တိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013