DVB Logo
Home
မြန်မာသတင်း
စပါးခွံသဘာဝဓာတ်ငွေ့သုံး ဆန်စက်များကို ကာလတခုအထိ ခွင့်ပြုပေးရန်လို
DVB
·
March 7, 2014
စပါးခွံသဘာဝဓာတ်ငွေ့သုံး ဆန်စက်များကို ကာလတခုအထိ ခွင့်ပြုပေးရန်လို
Donate to DVB

စပါးခွံဓာတ်ငွေ့သုံး လည်ပတ်နေတဲ့ ဆန်စက်တွေကို လျှပ်စစ် အပြည့်အ၀ပေးနိုင်တဲ့ ကာလတခုအထိ ခွင့်ပြုပေးစေလိုကြောင်း မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်းက ပြောပါတယ်။

မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌက ဒီကနေ့ ရန်ကုန်မြို့ မြန်မာ ကွန်ဗင်းရှင်းစင်တာမှာ ပြုလုပ်တဲ့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ညီလာခံမှာ ထုတ်ဖော် ပြောကြားလိုက်တာပါ။

[caption id="attachment_37842" align="alignright" width="300"](Photo_ Reuters) (Photo_ Reuters)[/caption]ခေတ်အဆက်ဆက်က လိုအပ်ချက်ဖြစ်နေတဲ့ လျှပ်စစ်စွမ်းအင် ကွက်လပ်ကို လက်ရှိ ကာလအထိ ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသေးတာကြောင့် စပါးခွံဓာတ်ငွေ့ကို သုံးပြီး ဆန်စက်တွေကို လည်ပတ်နေတာပါ။

စပါးခွံဓာတ်ငွေ့ကနေ ထွက်ရှိလာတဲ့ အနံ့ဆိုးတွေနဲ့ ရေဆိုးရေညစ်တွေကြောင့် သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှုကို ဖြစ်ပေါ်စေတယ်ဆိုပြီး တိုင်တန်းမှုတွေ ရှိပါတယ်။ ဒါကြောင့် အစိုးရက ကလည်း ဒီအနံ့အသက်ဆိုးတွေနဲ့ ပတ်သက်ပြီး ညွှန်ကြားထားပါတယ်။

မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးတင်ဝင်းက အစိုးရ ညွှန်ကြားချက်အတိုင်း လုပ်ဆောင်ကြမယ့် ဆန်စက်ပိုင်ရှင်တွေကို လုံလောက်တဲ့ လျှပ်စစ်စွမ်းအင် မရသေးတဲ့ ကာလတခုအထိ စပါးခွံဓာတ်ငွေ့ အသုံးပြုပြီး လျှပ်စစ်စွမ်းအား ထုတ်ယူတာကို ခွင့်ပြုပေးစေလိုကြောင်း ပြောပါတယ်။

ဆန်စက်အသင်းအတွင်းရေးမှူး ဦးသောင်းဝင်းက လက်ရှိ တွေ့ကြုံနေရတဲ့ စပါးခွံဓာတ်ငွေ့ သုံးပြီး လျှပ်စစ်စွမ်းအင်ထုတ်ယူမှုနဲ့ ပတ်သက်လို့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိအောင် ကမ္ဘာ့ဘဏ်က နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးပေးဖို့ ရှိတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံဟာ ဆန်ထွက်နှုန်းကောင်းမွန်ပြီး ပြည်ပတင်ပို့မှု တန်ချိန် ပြန်လည် တိုးမြင့်လာပေမယ့် လျှပ်စစ်ဓာတ်အား၊ သိုလှောင်ရုံအခက်အခဲ၊ ဆန်စက်အရည်အသွေး၊ လျှပ်စစ်မီး၊ အရင်းနှီးနဲ့ နည်းပညာပိုင်းဆိုင်ရာတွေမှာ နောက်ကျကျန်ရစ်နေဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013