DVB Logo
Home
မြန်မာသတင်း
မန္တလေးက စက်သုံးဆီဆိုင်များတွင် အလုအယက်ဝယ်ယူနေ
DVB
·
April 19, 2022
မန္တလေးက စက်သုံးဆီဆိုင်များတွင်  အလုအယက်ဝယ်ယူနေ
1 / 4
Donate to DVB

မြန်မာပြည်တွင်းမှာ လောင်စာဆီပြတ်လပ်လို့ ခွဲတမ်းနဲ့သာရောင်းချတော့မယ်ဆိုတဲ့ ကောလာဟလကြောင့် မန္တလေးမြို့က စက်သုံးဆီဆိုင်ကြီးတွေမှာ အလုအယက်ဝယ်ယူ နေကြပါတယ်။

ဒီကနေ့ နေ့လယ်ပိုင်းလောက်ကစတင်ကာ ဆိုင်ကယ်တွေ၊ ကားတွေနဲ့ တန်းစီးစောင့်ဆိုင်းဝယ်ယူနေကြတာဖြစ်ပြီး ဝယ်ယူသူများပြားတာကြောင့် ယာဉ်တန်းအရှည်ကြီး ဖြစ်နေတယ်လို့ မြို့ခံတွေထံက သိရပါတယ်။

မန္တလေးမြို့ခံတစ်ဦးက"ကျန်တာမပြောနဲ့ ကားလေးတွေ သုံးဘီးတွေနဲ့ ရောင်းတဲ့ဆိုင်တွေကို တစ်ခဲနေတာပဲ၊ တန်းစီပြီးထည့်နေကြတာ"လို့ ပြောပါတယ်။

လမ်းဘေးက ကားလေးတွေနဲ့ လှည့်လည်ရောင်းချတဲ့ မီနီစက်သုံးဆီဆိုင် လေးတွေကတော့ နေ့ခင်းပိုင်းလောက်မှာကတည်းက ဆီပြတ်တောက်သွားပြီး ဆက်လက်ရောင်းချနိုင်ခြင်းမရှိတော့ဘဲ စက်သုံးဆီပန့်ဆိုင်ကြီးတွေမှာပဲ ကြိတ်ကြိတ်တိုးဝယ်ယူနေကြရတယ်လို့ သိရပါတယ်။ 

တချို့ဆိုင်တွေမှာတော့ ပလတ်စတစ်ပုံးတွေနဲ့ ရောင်းချပေးနေပေမယ့် Denko၊  BOC စတဲ့ စက်သုံးဆီဆိုင်အကြီးကြီးတွေကတော့ ပလတ်စတစ်ပုံးနဲ့ရောင်းချမပေးဘူးလို့ သိရပါတယ်။

ဝယ်ယူသူများပြားတာကြောင့် ဆီဆိုင်ဝန်ထမ်းတချို့က ဆက်ဆံရေးမပြေပြစ်တာတွေ ရှိခဲ့သလို သိပ္ပံလမ်းပေါ်က Denko ဆီဆိုင်မှာ ဝန်ထမ်းတချို့နဲ့ ဝယ်ယူသူတချို့ စကားများခဲ့ပြီး ဆိုင်မန်နေဂျာက ပြန်လည်တောင်းပန်တာမျိုးတွေအထိ ဖြစ်ခဲ့ပါတယ်။

လမ်းဘေးမှာ ရေသန့်ဘူးခွံနဲ့ ချခင်း ရောင်းချတဲ့ ဆီဆိုင်လေးတွေမှာ ဆီတစ်လီတာကို ကျပ် ၅၀၀၀ လောက်အထိ ပေးကာ ဝယ်ယူခဲ့ရတာမျိုးတွေရှိတယ်လို့လည်း သိရပါတယ်။

ပြည်သူတွေအထိတ်တလန့်နဲ့ စက်သုံးဆီ လုယက်ဝယ်ယူမှုကြောင့် နာမည်ကြီး စက်သုံးဆီဆိုင်တွေဖြစ်တဲ့ Denkoနဲ့  BOC ကုမ္ပဏီတို့က စက်သုံးဆီကို မကြာခင် လိုသလောက်ရောင်းချပေးနိုင်မှာဖြစ်ပြီး စိတ်မပူကြဖို့ ကြေညာထားပါတယ်။

မန္တလေးမြို့ခံတစ်ဦးက"ဆီကတော့ လိုသလောက် ထည့်လို့ရတယ်၊ ဆီကမပြတ်ဖူးတဲ့ ၊ မီးပြတ်တုန်းခဏပဲတဲ့၊ သူတို့စိတ်ပူလို့ရယ်တဲ့၊ Denko ဆီဆိုင် မန်နေဂျာကပြောလိုက်တယ်"လို့ ဆိုပါတယ်။

မန္တလေးမြို့ခံ စက်သုံးဆီဆိုင်တချို့ကတော့ ပိတ်ထားကြပြီး လမ်းဘေးဆီဆိုင် အများအပြားလည်း ရောင်းချခြင်းမရှိကြတာကို တွေ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013