
ပြန်ကြားရေးဝန်ကြီးဌာနဟာ ရုပ်မြင်သံကြားနဲ့ အသံထုတ်လုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကြမ်းကို ဒီနေ့ကျင်းပတဲ့ အမျိုးသားလွှတ်တော်မှာ တင်သွင်းလိုက်ပါတယ်။
ဒီဥပဒေကြမ်းကို ထောက်ခံသူ ရှိပြီး လွှတ်တော်ကလည်း ဆွေးနွေးဖို့အတွက် လက်ခံလိုက်ပါတယ်။
သမ္မတ ဦးသိန်းစိန် အစိုးရသစ်တက်လာတာ ၃ နှစ်တာ ကာလ ရောက်လာပြီဖြစ်ပေမယ့် ရုပ်မြင်သံကြားထုတ်လွှင့်ခွင့်ကို အစိုးရ၊ အစိုးရနဲ့ နီးစပ်တဲ့ ရွှေသံလွင်နဲ့ MRTV 4 ထုတ်လွှင့်နေတဲ့ ဖော်အဲဗားဂရုပ်တို့ပဲ လက်ဝါးကြီးအုပ် လုပ်ကိုင်နေပြီး ရေဒီယိုထုတ်လွှင့်ခွင့်ကိုလည်း အလားတူ အစိုးရနဲ့ စီးပွားရေးလုပ်ငန်းရှင်တချို့ကိုပဲ လုပ်ကိုင်ခွင့် ပေးထားတာ ဖြစ်ပါတယ်။
ပြန်ကြားရေးဝန်ကြီးဌာနဟာ ရေဒီယိုနဲ့ ရုပ်သံထုတ်လွှင့်ခွင့် ပုဂ္ဂလိကကို လုပ်ကိုင်ခွင့် မပေးတာဟာ ဥပဒေမရှိသေးလို့ ဖြစ်ကြောင်း ပြောဆိုထားပါတယ်။
ဒီ ဥပဒေကို အမျိုးသားလွှတ်တော်မှာ ဆွေးနွေး ပြင်ဆင် အတည်ပြုပြီးရင် ပြည်သူ့လွှတ်တော်ဘက် ပေးပို့ အတည်ပြုချက်ရယူရဦးမှာ ဖြစ်ပြီး သမ္မတ လက်မှတ်ရေးထိုး အတည်ပြုပြီး ဥပဒေ ဖြစ်လာဖို့ ကာလအတန်ကြာဦးမှာ ဖြစ်ပါတယ်။











