မန္တလေးမြို့တွင် လေပြင်းတိုက်၊ သစ်ပင်ကြီးများနှင့်ဓာတ်တိုင်များ လဲကျ
DVB
·
April 19, 2022
မန္တလေးမြို့မှာ ဧပြီလ၁၇ ရက် ည ၇ နာရီဝန်းကျင် က လေပြင်းတွေတိုက်ခတ်ပြီး မိုးရွာသွန်းခဲ့ပါတယ်။
လေပြင်းတိုက်တဲ့အတွက် နေရာတော်တော်များများမှာ သစ်ပင်ကြီးတွေနဲ့ ဓာတ်တိုင်တွေလဲကျ၊ ကျိုးခဲ့ပြီး မီးသတ်နဲ့ လူမှုကူညီရေးအဖွဲ့တွေက ရှင်းလင်းနေတယ်လို့ သိရပါတယ်။
မန္တလေးမြို့ ၊ ၈၆ လမ်း ၊ ၃၂ နဲ့ ၃၃ လမ်းကြား ၊ မလွန်ကြက်သွန်တန်းမှာ သစ်ပင်ကျိုးကျပြီး အိမ်တလုံးပိမိကာ မိသားစုဝင် ၈ ယောက် ထွက်လမ်း ပိတ်မိနေတာကြောင့် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး) က ကူညီကယ်ဆယ်ခဲ့ကြပါတယ်။