DVB Logo
Home
မြန်မာသတင်း
မောင်တောခရိုင်မှ နိုင်ငံဝန်ထမ်းများ လစာ ၂ ဆ ဆက်လက်ခံစားခွင့်ရ
DVB
·
April 18, 2022
မောင်တောခရိုင်မှ  နိုင်ငံဝန်ထမ်းများ လစာ ၂ ဆ ဆက်လက်ခံစားခွင့်ရ
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တော​ခရိုင်ဖြစ်တဲ့ ဘူးသီးတောင်မြို့နယ်နဲ့ မောင်တောမြို့နယ်မှာ တာဝန်ထမ်းဆောင်နေကြတဲ့ အစိုးရဝန်ထမ်းတွေ လစာ ၂ ဆ ဆက်လက်ခံစားခွင့်ရရှိတယ်လို့ ဝန်ထမ်းတွေထံက သိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက် မောင်တောခရိုင်မှ ဝန်ထမ်းတွေ လစာ ၂ ဆ ဆက်လက်ခံစားခွင့်မ မရှိတော့မှာကို  စစ်ကောင်စီဩဇာခံ  NONC- CDM  ဝန်ထမ်းအများစုက  စိုးရိမ်နေခဲ့ကြတာပါ။

အဲဒီလို လစာ ၂ ဆ ခွင့်ပြုချက်ကို ဧပြီ ၇ ရက်က   စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက သက်ဆိုင်ရာဌာနတွေကို ဧပြီ ၊ မေ၊ ဇွန် ၃ လအား  အရင် နည်းတူ လစာ ၂ ဆ ပေးဖို့ ညွှန်ကြားခဲ့တာလည်း ဖြစ်ပါတယ်။

မောင်တောခရိုင်မှာ  တာဝန်ကျနေတဲ့ ဝန်ထမ်းတစ်ဦးက "စစ်ကောင်စီ အစိုးရက နောက်ထပ် ၃ လ ပြန်လည်သတ်မှတ်ပေးလိုက်တာပါ။"လို့ ပြောပါတယ်။

မောင်တောခရိုင်မှာ တာဝန်ကျတဲ့ အစိုးရဝန်ထမ်းတွေကို လစာ ၂ ဆ ခံစားခွင့်ပြုဖို့အတွက် သုံးလတစ်ကြိမ် ညွှန်ကြားချက်ထုတ်ပြန်ပြီး ခွင့်ပြုပေးနေတာရလည်းဖြစ်ပါတယ်။

မောင်တောခရိုင်အတွင်း ဝန်ထမ်းတွေ လစာ၂ ဆ ရရှိပေမဲ့ ကုန်စျေးနှုန်းမြင့်တက်လာတာကြောင့် ဝန်ထမ်းမိသားစုတွေ စားဝတ်နေရေး အခက်တွေ့နေကြရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဝန်ထမ်းတဦးကတော့ "အရင်က ကြက်ဥ ၁၀၀၀ ဖိုး ၈ လုံးရတယ်။ အခု ၆ လုံးပဲ ရတောတယ်။ စားသောက်ကုန်တွေ အကုန်လုံးစျေးမြင့်တက်လာတော့ လစာ ၂ လစာရတယ်ဆိုပေမဲ့ ဘယ်လိုမှ မလုံလောက်တော့ဘူး။" လို့ ပြောပါတယ်။

မောင်တောခရိုင်မှဦ ၂ဝ၁၆/၁၇ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့်  ၂၀၁၇ ခုနှစ်အောက်တိုဘာလမှစလို့ ၂ဝ၂၁ ခုနှစ်၊ ဒီဇင်ဘာလအထိလည်းကောင်း၊ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာလည်း ၂ဝ၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာလကစလို့  ၂ဝ၂၁ ခုနှစ်၊ ဒီဇင်ဘာအထိ မူရင်းလစာရဲ့  ၂ ဆကို အထူးကိစ္စတစ်ရပ်အနေနဲ့ ၃ လ ၁ ကြိမ် အမိန့်စာထုတ်ပြန်ကာ ​ဝန်ထမ်းတွေကို  ခံစားခွင့်ပြုထားခဲ့တာလည်းဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013